Episode 7

11.9K 872 55
                                    

ဒီတစ်ည​နေလုံး ဖြိုးတစ်​ယောက် မှိုရသလိုရုပ်ကြီး
ဖြင့် တစ်ပြုံးပြုံးဖြစ်​နေသဖြင့် သူမအကိုကပင်
ဘာဖြစ်လာတာလဲဟု​မေးရသည်အထိ။

အိမ်ပြန်ရောက်​တော့လည်း​ရေ​တောင်မချိုးနိုင်​သေးဘဲသူမအ​မေနှင့်အ​ဖေကို ဖုန်းဆက်ပြီးကြွားလို့မဆုံး။

ဖုန်းဆက်ပြီး​နောက်telegramထဲဝင်ကြည့်​တော့ သူမစင်​ပေါ်တွင်​ပြော​နေသည့်videoကိုမိုးကဗျာကပို့​ပေးထားသည်။
ဖြိုးဖွင့်ကြည့်လိုက်​တော့ thank youထိပဲပါကာ နွယ်လာဖက်သည်အထိမပါလာ၍ မိုးကဗျာကိုထသတ်ချင်မိလိုက်​သေး။

ဒါနဲ့သူမလည်း
"ဘယ်မလဲ တီချယ်လာဖက်တဲ့အပိုင်း"
ဟုစာနှင့်ဆုပုတ်​နေသည့်stickerပို့လိုက်​တော့
အ​မ​တော်က middle finger​လေးသာပြန်ပို့သည်။

ဖြိုး စိတ်မဆိုးဘဲထရယ်မိ၏။
ဟိုက​စေတနာနဲ့ရိုက်​ပေးထားတာကိုသူကသွားရစ်​နေတာ​လေ။

ဖြိုးလည်းဖုန်း​လေးပိတ်ကာ​မွေ့ယာ​ပေါ်လှဲရင်း
သူမအား​ခြေဖျား​​လေး​ထောက်ကာလာဖက်သည့်နွယ့်​ကိုပြန်​တွေးမိတိုင်းအသည်းယား​နေမိတာအမှန်။

သူမနားကပ်လာတိုင်းရ​နေကျနွယ့်ရေ​မွှေး​နံ့​လေးကိုလွမ်း​နေမိသည်။

ထို​ရေ​မွှေးနံ့​လေးကိုသူမ ရတာ၄ကြိမ်ရှိပါပြီ။
​ကျောင်းစတက်သည့်​နေ့သူမနားမှနွယ်ဖြတ်သွားတုန်းတစ်ကြိမ်။
ကန်တင်းတွင်သူမ​ပေါ်နွယ်လဲကျလာတုန်းကတစ်ကြိမ်။
မြန်မာစာဌာန​ရှေ့မှာတစ်ကြိမ်။
ယ​နေ့ နွယ်သူမကိုလာဖက်တုန်းကတစ်ကြိမ်။

သူမအ​တွေးထဲပိုင်စိုးပိုင်နင်းဝင်လာသည်က ​

"ရေ​မွှေးနံ့ပိုင်ရှင်လူသား​လေးကိုပါအပိုင်သိမ်းချင်မိ​သွားရင် သမီးလွန်မလား တီချယ်..."

~~~~~

ဒီ​နေ့ဖြိုး ​ကျောင်းကို​ရောက်​တော့ ​တော်​တော်များများက သူမကို ဖြိုးကလျှိုထားတယ်​နော် ဆိုပြီး စကြ၏။

သူမလည်း.သူတို့အ​ပြောကိုရယ်ပြီးတုံ့ပြန်ပြီး ကန်တင်းသွားမနက်စာစား​နေတုန်း သူမ​ရှေ့ခုံလွတ်တွင် ပြည့်ပြည့်ဟူ​​သော​ကျောင်းသူ​လေးကလာထိုင်ကာ

နွယ့်ကိုချစ်ဖို့​မွေးဖွားလာပါတယ်(completed)Where stories live. Discover now