Extra

11.7K 745 53
                                    



အချိန်ကာလများတရွေ့ရွေ့ကုန်ဆုံးလာကာ ဖြိုးပင် ကျောင်းတွင် tutor ပြန်လုပ်နေလေပြီ။

လက်ထပ်ပြီးသည့်နောက် ဖြိုးက နွယ်နှင့်အတူရန်ကုန်တွင်နေပြီး မကြာခန ဖြိုးမိဘများထံသို့ နှစ်ယောက်သွားလည်ဖြစ်ကြသည်။

"ဖြိုး စာတွေပဲဖတ်နေတော့မှာလား"

နွယ်က ဖြိုးကနောက်ကနေသိုင်းဖက်ကာ ပြောလိုက်သဖြင့် ဖြိုး ဖတ်လက်စ စာအုပ်လေးကိုချကာ

"မနက်ဖြန်သင်ရမဲ့စာတွေကြည့်နေတာပါ တီချယ်ရဲ့"

နွယ်က ဖြိုးကိုလွှတ်လိုက်ကာ နှုတ်ခမ်းဆူရင်း

"အင်းပေါ့လေ လက်ထပ်ပြီးသွားပြီဆိုတော့ ပစ်ထားချင်ပြီပေါ့"

ဖြိုး နောက်ကိုလှည့်လိုက်ပြီး နွယ့်လက်နှစ်ဖက်ကိုကိုင်လိုက်ကာ

"မဟုတ်ပါဘူးတီချယ်ရဲ့ သမီးရင်ထဲမှာတီချယ်
တစ်ယောက်ပဲရှိတာပါဆို"

"မယုံပါဘူး"

လက်လေးပိုက်ကာ တစ်ဖက်လှည့်သွားသည့် နွယ့်ကိုဖြိုးက သူမဘက်လှည့်စေလိုက်ပြီး

"ဇနီးချောလေးကစိတ်ကောက်တယ်ပေါ့ ဒါဆိုစိတ်ကောက်ပြေအောင်ဘာလုပ်ပေးရမလဲ"

နွယ်က အချိန်တစ်ခနတာ နှုတ်ခမ်းဆူနေပြီးမှ

"တကယ်လုပ်ပေးမှာလား"

"တကယ်ပေါ့"

ဖြိုး၏ စကားအဆုံး နွယ်က ဖြိုးကိုခုတင်ပေါ်ထိုင်စေလိုက်ပြီးနောက် တဖြေးဖြေးချင်းလှဲကျလိုက်ကာဖြိုး၏ အင်္ကျီကြယ်သီးကိုဖြုတ်လိုက်သဖြင့်

"တီချယ် ဘာလုပ်မလို့လဲ"

နွယ်က ဖြိုး၏ နှုတ်ခမ်းကိုသူမလက်ညှိုးလေးဖြင့်
ပိတ်လိုက်ကာ

"ရှူး"

ဖြိုး ဘာမှမပြောဘဲ ငြိမ်ခံနေရာမှ နွယ်က ဖြိုး၏ အတွင်းခံများကိုပါဆွဲချွတ်လိုက်ကာ သူမ၏ အင်္ကျီကြယ်သီးကိုလည်းဖြုတ်လိုက်ရာ ဖြိုးတစ်ယောက် တံတွေးများပင်မြိုချနေမိပါပြီ။

နွယ်က ဖြိုး၏ လည်ပင်းကိုကိုက်လိုက်ပြီး
ဖြိုး ခန္ဓာကိုယ်အား အမှတ်အသားများပေးနေသဖြင့် ဖြိုး အံပင်ကြိတ်မိ၏။

နွယ့်ကိုချစ်ဖို့​မွေးဖွားလာပါတယ်(completed)Where stories live. Discover now