5
ဖြိုး ပြန်ရောက်တဲ့ထိ မျက်နှာများရှိန်းတိန်းတိန်းဖြစ်ကာ ရင်ထဲတွင်တစ်ဒုန်းဒုန်းခုန်နေဆဲ။
သူမဘယ်လောက်တောင်သိသာနေလဲမသိ လာကြိုသောအိမ်အကူလေးက
"မမဖြိုး မျက်နှာတွေနီနေတယ်နော် နေမကောင်းဘူးလား"
"ဟမ် မ မဟုတ်ပါဘူး နေကောင်းပါတယ်"
"ဟုတ်လို့လား"
"ဟုတ်ပါတယ် စုစု အမကိုရေတစ်ခွက်လောက်ပေးပါလား"
"ဟုတ်"
ထိုကောင်မလေးကသူမကိုဆက်ပြီးသေချာကြည့်နေသဖြင့်ဖြိုး ပထုတ်လိုက်ပြီး ကျွန်းဆက်တီတွင်ထိုင်ကာ သူမအားစိုက်ကြည့်နေသော နွယ့်မျက်ဝန်းများကိုသာပြန်တွေးနေမိ၏။
မျက်မှန်တပ်ထားတာတောင် အရမ်းညှို့နိုင်တာပဲနွယ်။
အစက တီချယ်နေကောင်းသွားပြီလား လို့မေးမယ်တွေးထားသော်လည်း နွယ့်ရှေ့ရောက်ရင် ရင်တွေအရမ်းတုန်ပြီး အ,အ တစ်ယောက်လိုဖြစ်သွားရတာ ဘာ့ကြောင့်ပါလိမ့်။"မမ ဒီမှာရေရပါပြီ"
သူမ သက်ပြင်းတစ်ချက်ချလိုက်ကာ စုစုလာချသောရေကိုသောက်ပြီးနောက် အိမ်ကိုဖုန်းဆက်ရန် ဖေကြီးဟူသော contactကိုနှိပ်လိုက်၏။
~~~နွယ် အိမ်ပြန်ရောက်တော့ ထူးထူးဆန်းဆန်း ဧည့်ခန်းတွင် ဖုန်းထိုင်ကြည့်နေသော မျိုးခန့်ပိုင်ကိုတွေ့လိုက်ရသည်။
နွယ် သူ့ကိုစကားသိပ်မပြောချင်၍ သူမအခန်းထဲသွားရန်လုပ်တော့"မမ စောတယ်နော်"
"အင်း"
နွယ် အင်း ၁ခွန်းသာပြန်ပြောတော့ သူက"ကျွန်တော်ပြန်လာတာမကြိုက်ဘူးလား"
"မကြိုက်တာမဟုတ်ဘူး ဒါပေမဲ့ မင်း မိန်းမဆီသွားတာပိုကောင်းမယ်ထင်တယ်"
"ကျစ် မသွားချင်ဘူး"
"ကိုခန့် လိမ္မာစမ်းပါ"
"ကျွန်တော်မသွားချင်ဘူးဗျာ"
နားထင်ကိုပွတ်၍ ခါးခါးသီးသီးငြင်းနေသော သူ့ကြောင့်နွယ်သံသရဖြစ်လာမိသည်။
YOU ARE READING
နွယ့်ကိုချစ်ဖို့မွေးဖွားလာပါတယ်(completed)
Short Story"ဒီလူသားဟာနွယ့်ကိုချစ်ဖို့မွေးဖွားလာတာပါနွယ်" "ဒီလိုဆို ဟောဒီကနွယ်ကလည်း သော်တာပြည့်ဖြိုးဆိုတဲ့လူသားလေးဆီမှာအချစ်ခံဖို့မွေးဖွားလာတာပါရှင့်"