Episode 21

11.4K 773 42
                                    


🎼🎼🎼
ထွက်ပေါ်လာသည့် ဖုန်းalarm သံကြောင့် ဖြိုးကမန်းကတန်းကုန်းထလိုက်တော့ အချိန်က နံနက်၅နာရီခွဲပြီ။

ညက နွယ့်အကြောင်းပဲတွေးမိနေကာတစ်ညလုံးအိပ်မပျော်။

အဆောင်တံခါးက၆နာရီမှဖွင့်၍ ဖြိုးနှင့်ယုဇနတို့
၆နာရီထိုးသည်နှင့်နွယ်ရှိရာဆေးရုံသို့ထွက်ခဲ့ကြသည်။

~~~~~

ဒေါက် ဒေါက်

နွယ် အိပ်မပျော်၍ စာအုပ်ထိုင်ဖတ်နေရာမှတံခါးခေါက်သံကြောင့် အပြင်သို့အာရုံစွင့်မိလိုက်၏။

ဒေါက်တာမြကအခန်းပြင်တွင်လိုအပ်သည်များသွားလုပ်နေ၍ နွယ် သူမကိုယ်တိုင်အားယူကာထမည်
လုပ်တော့ဒဏ်ရာကဆစ်ကနဲ။

နွယ် သူမဒဏ်ရာကိုလက်ဖြင့်အသာကိုင်ကာ တံခါးဖွင့်လိုက်ရာ မြင်လိုက်ရသည့်မျက်နှာလေးကြောင့် ဒဏ်ရာမှနာကျင်မှုများတောင်ဘယ်ပျောက်သွားမှန်းမသိ။

"တီချယ်"

အခန်းထဲဝင်လာသော ဖြိုးကို နွယ် ဝမ်းသာအားရ
ဖက်လိုက်တော့ ယုဇနကပြုံးစိစိလုပ်နေ၏။

ဖြိုး နွယ့်ကို ညင်ညင်သာသာလေးပြန်ဖက်
လိုက်တော့ နွယ်က

"တီချယ်လေ ဒီတစ်သက်လပြည့်ဝန်းလေးကိုမတွေ့ရတော့ဘူးထင်ခဲ့တာ"

နွယ့်အသံကတုန်ရင်နေသလို နွယ့်ခန္ဓာကိုယ်လေးကလည်းတသိမ့်သိမ့်တုန်နေသဖြင့် ဖြိုး နွယ့်ပုခုံးနှစ်
ဖက်ကို ခပ်ဖွဖွလေးဆုပ်ကိုင်ရင်း

"သမီးတောင်းပန်ပါတယ်တီချယ် ဒါမဲ့စိတ်မပူပါနဲ့ သမီးအဲ့လိုအဖြစ်မခံပါဘူး"

နွယ်က ခေါင်းငြိမ့်ကာ မျက်ရည်များသုတ်လိုက်ပြီး

"လပြည့်ဝန်လေးကိုတီချယ်ယုံပါတယ် အ.."

နွယ်က သူမဒဏ်ရာကိုလက်ဖြင့်ဖိလိုက်ကာ ခန္ဓာကိုယ်ကအနည်းငယ်ကိုင်းသွားသဖြင့် ဖြိုးကနွယ့်ကို ကုတင်ပေါ်သို့တွဲပေးလိုက်ပြီး

"အရမ်းနာနေတယ်မလား"

"မနာပါဘူး"

ဖြိုးကမျက်နှာငယ်လေးဖြင့်

နွယ့်ကိုချစ်ဖို့​မွေးဖွားလာပါတယ်(completed)Where stories live. Discover now