Part (30) Uni/Zawgyi

23.8K 746 35
                                    

ပြန်လိုချင်တယ်

အပိုင်း (30)

ကောင်းဆက်မင်းရဲ့ Birthday Party ကို နောက်ကျမှရောက်ခဲ့ရတဲ့ကြားထဲ သူကိုယ်တိုင်လိုက်ပို့ပေးလိုက်တာမို့လို့ အချိန်တန်ရင်လာကြိုမယ်ဟုလည်းပြောသွားသေးသည်။

ဟိုတယ်က VIP Room ထဲမှာကျင်းပတာဖြစ်ပြီး လူတွေကလည်း ခင်သက် Gathering စီစဥ်လိုက်တုန်းကငယ်သူငယ်ချင်းတွေသာဖြစ်လေသည်။ ခင်သက်ကလူစုံမှရောက်လာခဲ့တာမို့ ကောင်းဆက်မင်းက ဖယောင်းတိုင်မှုတ်ဖို့ ခင်သက်ကိုစောင့်နေတာဟုတောင်အခြားသောသူငယ်ချင်းများဆီကနေအစအနောက်ခံရသေးသည်။

"နောက်တာပါ ခင်သက် ငါကနင်နောက်ကျနေလို့မလာတော့ဘူးလားမသိဘူးလို့ပြောတာ အဲ့တာကိုဒီကောင်တွေက ဇွတ်နောက်နေတာ"

ကောင်းဆက်မင်းကတော့ ခင်သက်ကအိမ်ထောင်သည်မိန်းကလေးတစ်ဦးဖြစ်သောကြောင့် အားနာစွာနဲ့ အတင်းဖာထေးပြောဆိုနေသည်။

"ဟုတ်တယ် ကောင်းဆက် ငါဆိုင်ကပြန်ရောက်တာနောက်ကျသွားလို့ "

ယမင်းကတော့ ခင်သက်ဘေးမှာလက်ပိုက်ရပ်နေပြီး ခင်သက်ကိုအကဲခက်ကြည့်နေသည်။

"ကဲ အဲ့တာဆိုရင်ကိတ်ခွဲလိုက်တော့မယ်နော်"

ကောင်းဆက်မင်းက စားပွဲအလည်မှာရှိနေသော ချောကလက်Birthday Cake လှလှကြီးကို ဓားနှင့်ခွဲလိုက်ပါသည်။ ခင်သက်က ကောင်းဆက်မင်းနဲ့ တစ်ယောက်ခြားမှာထိုင်နေတာဖြစ်ပြီး ခင်သက်ကကျောင်းတုန်းမော်နီတာခင်စုမော်နှင့်ချစ်သူငယ်ချင်းခင်သက်တို့ရဲ့အလယ်မှာဖြစ်သည်။

ယမင်းကတော့ခင်သက်အနားသို့တိုးကပ်ပြီးခပ်တိုးတိုးလေးမေးလိုက်ပါသည်။

"နင့်ကို နေပိုင်ထွဋ်လိုက်ပို့တာမဟုတ်လား"

ခင်သက်က ကောင်းဆက်မင်းသည်သူငယ်ချင်းတွေကိုကိတ်မုန့်လိုက်ခွံ့ကျွေးနေတာကိုလက်ခုပ်တီးပေးရင်း ယမင်းမေးတာကိုပြန်ဖြေလိုက်သည်။

"ဟုတ်တယ် အပြန်လည်းလာကြိုက်မလို့တဲ့ "

"အဲ့တာကိုနင်ကဘာမှမဖြစ်သလိုပဲ ခါတိုင်းဆိုရင် ချုပ်ချယ်လို့ဆိုပြီး ပေါက်ကွဲနေပြီ"

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now