ပြန်လိုချင်တယ်
အပိုင်း (34)
နေပိုင်ထွဋ် တစ်ညလုံးလမ်းပေါ်မှာဖြစ်၍ သူမသွားနိုင်မည့် ဟိုတယ်၊ ဘား၊ စားသောက်ဆိုင်၊ သူသိသောမိတ်ဆွေသူငယ်ချင်းတွေဆီအကုန်ရောက်ခဲ့ပြီးပြီဖြစ်ပေမဲ့သူမကိုတော့ဘယ်လိုမှရှာမတွေ့ခဲ့။
သူမရဲ့အမေနဲ့အစ်မဆီသို့ဖုန်းဆက်ကြည့်ဖို့စဥ်းစားပေမဲ့ သူမဟာအိမ်ထောင်ရေးအဆင်မပြေကြောင်းကိုသိစေချင်တာမဟုတ်။ တကယ်လို့များကိုယ့်ဘက်ကဖုန်းဆက်လိုက်မှပိုဆိုးသွားလေမလားဟုတွေးမိပြီး သူမအိမ်ကိုဖုန်းခေါ်ဖို့ဝန်လေးနေမိသည်။
နေပိုင်ထွဋ် လမ်းဘေးတစ်နေရာမှာကားရပ်ထားလျှက် နှဖူးနှင့် Steering ကိုထိထားကာသူမဘယ်မှာရှိနေနိုင်ဦးမလဲဟုစဥ်းစားနေသည်။ နာရီအားဖြင့်လည်းမနက်၄နာရီရှိပြီဖြစ်လို့ ကားမီးတောင်ပိတ်ထားပြီးဖြစ်သည်။
စိုင်းခမ်းစစ်ကိုလည်စဥ်းစားမိသည်။ သို့သော်စိုင်းခမ်းစစ်ဆီသို့ "ငါ့မိန်းမ မင်းဆီလာသေးလား" ဟုမေးရန်အတွက်မာနခံနေပြန်သည်။
"ကျစ်...ကွာ..!"
ပုံမကျတော့ဘဲရှုပ်ပွနေပြီဖြစ်သောဆံပင်တွေကိုထပ်ပြီးထိုးဖွရင်း Steering ကိုလည်းလက်ဖနောင့်ဖြင့်၂ချက်လောက်ပိတ်ရိုက်ပစ်လိုက်သည်။
"ခင်သက်တင်....ခင်သက်တင်....မင်း တကယ်ထွက်သွားတာပဲ! "
နေပိုင်ထွဋ် မနေ့ညကတည်းကလမ်းပေါ်မှာပဲကားမောင်းရင်းအချိန်ကုန်ဆုံးရတာမို့တစ်ရေးမှမအိပ်ရသေးပါ။ ကုမ္ပဏီလည်းသွားရဦးမှာဖြစ်သောကြောင့် အိမ်ပြန်ဖို့ပဲကားကိုပြန်ကွေ့ခဲ့လိုက်တော့သည်။
အိမ်ရောက်ရောက်ချင်း ရေကိုသွက်သွက်ချိုးပြီးအလုပ်သွားဖို့အဝတ်စားလဲ၍ ပြန်ထွက်လာခဲ့သည်။ အိပ်လည်းမအိပ်ထား၊ မနက်စာလည်းမစားရသေးတာမို့ ကားလမ်းပေါ်မှာရှိနေသော ဘာဂါဆိုင်မှနေကြက်သားဟမ်ဘာဂါတစ်လုံးကို ကားပြတင်းပေါက်မှလှမ်းဝယ်လိုက်သည်။
" ဘယ်လောက်လဲ! "
"၅၀၀၀ ပါအစ်ကို"
နေပိုင်ထွဋ်က သူ့ကုတ်အင်္ကျီအိတ်ထောင်ထဲကနေပိုက်ဆံအိတ်ကိုထုတ်ပြီး ဖွင့်ကာ ၅ထောင်တန်တစ်ရွက်ထုတ်ပေးလိုက်သည်။
YOU ARE READING
ပြန်လိုချင်တယ် (Completed) OC
Romance"မင်း အဲ့သလောက် တိုနှံ့နှံ့လေးတွေဝတ်ပြီး ပွတ်သီးပွတ်သပ်လုပ်ပြရတာကြိုက်နေလား" "ကြိုက်တယ် ကျွန်မဟာကျွန်မကြိုက်လို့ ဝတ်တယ်ဘာဖြစ်လဲ!" "အေး...အဲ့တာဆိုရင် ချွတ်စမ်း...မင်းယောက်ျားငါ ဒီမှာထိုင်ကြည့်မယ် ချွတ်...ခုချွတ်!" Mautre on Uni/Zawgyi "မင္း အဲ့သေလာက...