part 08

3.2K 176 2
                                    

တို့...အတူ (BL Fiction)
အပိုင်း(၈)
အကိုပြည့်စုံဘ ၏ သမီးလေး နှင့် သားလေးက သူတို့၏ ဝမ်းကွဲအကို ဖြစ်သူ ဘုန်းစည်နှင့် အတူတူ အပြန်ပြန်၊အလှန်လှန် ရေကူးနေကြလေသည်။
အကိုပြည့်စုံဘက ရေကူးဘောင်းဘီတိုကို ဝတ်ထားပြီး အပေါ်က ရင်ဘတ်ဟောင်းလောင်းနှင့် ရေကူးကန်မှာ ဝတ်ကြသည့် အပေါ်ထပ် အင်္ကျီကို အောက်ခံအင်္ကျီ မပါဘဲ တထပ်တည်း ဝတ်ထားသည်။အကိုပြည့်စုံဘ ၏ ရင်ဘတ်က အသားစိုင်တွေကို မြင်‌ေနရ‌သည်မှာ ရင်ဖိုစရာ ကောင်းလှသည်။

အကိုပြည့်စုံဘကို မြင်လိုက်တိုင်း လွတ်လပ်ပေါ့ပါးသည့် ဟန်ပန်ရှိသည်။ပျော်ဝင်လွယ်သည့် လူတယောက်လို ခပ်ချိုချို မျက်နှာထား လည်း ရှိသည်။မွန်မွန်ရည်ရည်နှင့် လူရည်သန့် ပုံစံလည်း ရှိသည်။

ကိုကိုမြတ်ဘုန်းရှိန် ဆိုလျှင် အရွယ်နှင့် မလိုက်အောင် သူ့မှာ လုပ်ငန်းကြီးတွေ ကိုင်တွယ်ရတာ များလို့လားလို့ မသိချေ။သူ၏ ရင့်ကျက်ပြီး၊ တောက်ပ
သည့် အရှိန်အဝါတွေ ကြောင့် ထင်သည် တော်ရုံလူက အလိုလို ရှိန်နေရသည်။အလွယ်တကူ ‌စကားလာပြောရဲစေသည့် ပုံစံမျိုး မဟုတ်ပေ။

ဟင် !ဘာဖြစ်လို့များ ကျတော်က ကိုကိုမြတ်ဘုန်းရှိန်နှင့် အကိုပြည့်စုံဘကို နှိုင်းယှဉ်ပြီး တွေးနေမိပါလိမ့် ?လို့ စဉ်းစားကာ အတွေးနှင့်ပင် ကိုကို ကျတော့်ကိုစိတ်ဆိုးသွားမှာကိုလည်း စိုးရိမ်မိပြန်သည်။

"ရေမကူးဘူးလား ညီလေးအောင်ရဲသူ"

ရေကူးကန်နံဘေးက ထီးရောင်စုံလေး၏အောက်မှာ အကိုပြည့်စုံဘက ထိုင်ပြီး လိမ္မော်ရည်သောက်နေရာက ကျတော့်ကို မေးသည်။

"မကူးချင်ဘူးဗျ"

"ဟိုတရက်က ဘုန်းစည်တို့နဲ့ ကိတ်အတူတူ စားကြသေးတယ်ဆို"

"ဟုတ်တယ် အကိုပြည့်စုံဘ"

"ခေါ်ရတာ မရှည်ဘူးလား ညီလေးအောင်ရဲသူ ၊အကိုပြည့်စုံလို့ပဲ ခေါ်ပါ့လား?"

"ဟုတ်ကဲ့၊ အဲ့ဒီနေ့က ဘုန်းစည်ကို လည်း မျက်နှာ ပူပူနဲ့ ပဲ၊အတူတူလိုက်သွားဖြစ်တယ်"

ကျတော့် စကားကြောင့် အကို ပြည့်စုံဘက ရယ်နေလေသည်။

"တကယ်တမ်းကျ မြတ်ဘုန်းရှိန်နဲ့ ဘုန်းစည်တို့က ဘာအကန့်မှ မရှိကြပါဘူး။ညီလေးအောင်ရဲသူ"

တို့....အတူ (Complete)Onde histórias criam vida. Descubra agora