part 10

3.1K 141 0
                                    

တို့....အတူ(BL Fiction)
အပိုင်း(၁၀)
အထုတ်၊အပိုးတွေကို သယ်ပြီး ကိုကိုနှင့်အတူ တည်းခိုခြံကို လိုက်လာခဲ့ပြီးသည့်နောက် ၊ခြံထဲက သစ်ရိပ်၊ဝါးရိပ်တွေ အောက်မှာ အေးအေးလူလူ ထိုင်နေရုံပဲ ရှိသည်။ထိုင်နေဖို့ကိုလည်း ကိုကိုက သူကိုယ်တိုင် စားပွဲနှင့် ကုလားထိုင်ကို ချထားပေးသည်။

ဒါပေမယ့်
ဝါးခမောက် အကြီးကြီးကို ဆောင်းကာ အလှစိုက်မြက်ခင်းလိပ်တွေ  ခင်းသည့်  နေရာမှာ လှုပ်ရှားနေသည့် ကိုကို့ ပုံရိပ်လေးကို ကျတော်  ရုတ်တရက် ကြည့်ချင်လာတာကြောင့် ကိုကို့ အနောက်ကနေ
တကောက်ကောက်
လိုက်လာခဲ့လေသည်။

"ဒီမှာ နေအရမ်းပူနေတဲ့ အချိန်ကြီးလေ ၊အောင်ရဲသူ ဟိုမှာ ထိုင်နေပါ့လား?"

"ဟင့်အင်း တယောက်တည်း ထိုင်နေရတာ ပျင်းစရာကောင်းတယ်၊ကိုကို့အနားမှာပဲ နေချင်တယ်"

နေပူပူကြီးထဲမှာ လိုက်လာကာ သူ့အရိပ်ကို လိုက်ခိုနေသည့် ကျတော့်ကို ကြည့်ပြီး ကိုကိုက သဘောကျကာ ပြုံးသွားသည်။

ကိုကို က အနီးမှာ ထပ်ထားသည့် ဝါးခမောက် အထပ်ကြီးထဲမှ အကြီးဆုံး ဝါးခ ‌ေမာက်တခုကိုယူကာ  ကျတော့် ခေါင်းပေါ် သို့  ဆောင်းပေးလိုက်သည်။

"နေအရမ်းပူတယ်။တခုခု ဆောင်းထားလေ၊မဟုတ်ရင် ၊မင်း ၊ခေါင်းမူးလိမ့်မယ်၊ကိုကို စိတ်ပူတယ်"

လို့လည်း ဘေးက ဝန်းထမ်းတွေ မကြားရအောင် ကျတော့် အနီးသို့ကပ်ကာ တိုးတိုးလေး ပြောလိုက်သေးသည်။
ပြောနေစဉ်မှာလည်း ကိုကို့မျက်နှာက ပြုံးစိစိပင် ဖြစ်သည်။

ပြီးတော့ ချက်ချင်းပင် ဝန်ထမ်းတွေဘက်ကို လှည့်ကာ မျက်နှာ တည်တည်ကြီးနှင့် ဟိုလိုလုပ်၊ဒီလိုလုပ် နှင့် ချေးများနေပြန်သည့် ကိုကို့ မျက်နှာ အပြောင်းအလဲ မြန်ပုံကို ကြည့်ကာ ကျတော်က ရယ်ချင်လျက်နှင့် မရယ်ရဲပဲ ကြိတ်ပြုံးနေရလေသည်။
ချစ်ဖို့ ကောင်းလိုက်တာနော် ကိုကို။

ညနေစောင်းသွားတော့ အိမ်ကို ချက်ချင်းမပြန်သေးပဲ တည်းခိုခြံက စားဖိုဆောင်မှာပင် ကိုကိုနှင့် ကျတော် ညစာစားဖြစ်သည်။

တို့....အတူ (Complete)Where stories live. Discover now