part 14

2.6K 125 0
                                    

တို့....အတူ
(BL Fiction)
အပိုင်း(၁၄)
မြတ်ဘုန်းရှိန်
ဒီည ကျတော် အိပ်လို့ မပျော်နိုင် အောင် ဖြစ်နေရသည်။ဒေါသထွက်နေတာလည်း မဟုတ်ပဲ စိတ်မချနိုင်တာမျိုး ခံစားချက်နှင့် အောင်ရဲသူ ကို ဘယ်လို မြန်မြန် အပိုင်သိမ်းထားရမလဲ?ဆိုသည့် မေးခွန်းတွေသာ အတွေးထဲ၊ခေါင်းထဲ၊စိတ်ထဲမှာ ပြည့်နှက်နေသည်။

ဒီနေ့ အပျော်စီးသင်္ဘောပေါ်ကို ခေါ်သွားကာ ပန်းချီကား‌အတူရေးရင်း သူကြိုက်တတ်သည့် မုန့်တွေကျွေးကာ ချိန်းတွေ့ကြမည်ဟု စိတ်ကူးယဉ်ကာ အထူးခန်းတခန်းကိုတောင် နေရာဦးထားပြီးပြီ။

ပြည့်စုံနှင့် အောင်ရဲသူတို့၏ နမ်းလု၊နမ်းခင် အနေအထားကို မြင်လိုက်ရတော့ စိတ်ထဲ ဘဝမကျတော့၊ပြည့်စုံကို ဒေါသထွက်သည်။သူငယ်ချင်း အရင်းကြီးလည်း ဖြစ်ပြီး ဟိုးအရင်ကတည်းက အောင်ရဲသူနှင့် ပတ်သက်တာတွေကိုဆို ပြည့်စုံကို သာ အကုန်အစင် ရင်ဖွင့်နေကျလည်း ဖြစ်ခဲ့တာကိုတောင် ကျတော့်အပေါ် လုပ်ရက်လေခြင်းလို့ တွေးကာ ခန္ဓာကိုယ်ထဲက သွေးတွေပင် ပြောင်းပြန် စီးဆင်းနေပြီလားရယ် လို့ ထင်မှတ်မှားချင်စရာ ကောင်းလောက်အောင်ပင် လောင်မြိုက်နေမိသည်။

ပြီးတော့ အောင်ရဲသူပင်။
အရင်တုန်းက ပြည့်စုံကို သူက စိတ်ဝင်စားမိပါသည်ဟုလည်း ဝန်ခံထားသည်။ကျတော် ဒီလောက် စိတ်မချပါဘူး။ပြည့်စုံနှင့် တွေ့တာ မကြိုက်ပါဘူး လို့ ပြောထားသည့်ကြားက ပြည့်စုံနှင့် တွေ့ဖြစ်အောင် ထွက်တွေ့လိုက်သေးသည်။ကျတော်နှင့် ချိန်းတွေ့မည့် နေ့ကြီးမှာမှလေ။
တွေးလေလေ စိတ္တဇတွေ ဖြစ်လေလေ ဖြစ်ကာ သဝန်တိုတာတွေ၊မနာလိုတာတွေ၊ဒေါသစိတ်တွေ တလိပ်လိပ် တက်ကာလာလေသည်။

အိပ်နေရာမှ ထကာ တိတ်တိတ်လေးပင် အောင်ရဲသူ၏ အခန်း တံခါးဝမှာ ရပ်နေမိသည်။ဘာလုပ်ဖို့ မှ မဟုတ်ပါဘူး။
ဒီအတိုင်း စိတ်ပြေရာ၊ပြေကြောင်း လာပြီး ရပ်ကြည့်တာသာ ဖြစ်သည်။ပိတ်ထားသည့် တံခါးဝလေးကနေ စိတ်ထဲက နေ အောင်ရဲသူကို မှန်းကြည့်နေမိသည်။
ဘယ်လို ပုံစံနှင့် အိပ်ပျော်နေမှာတဲ့လဲ?
ဘောင်းဘီတိုကြားက ထိုးထွက်လာသည့် ပေါင်တံစင်းစင်းလေးတွေက ဖြူဝင်းနေမှာပဲ။
အပေါ်ပိုင်း ဗလာကျင်းပြီး အိပ်တဲ့အခါ မြင်ရမည့် ဗိုက်ချပ်ချပ်လေးရယ်၊ခါးသွယ်သွယ်လေးရယ်၊တင်ပါး လုံးလုံးကောက်ကောက်လေးရယ်က ဘယ်လို ပုံစံနှင့် ဆွဲဆောင်ပြင်းရှနေမလဲ?

တို့....အတူ (Complete)Where stories live. Discover now