part 16

2.6K 115 0
                                    

တို့...အတူ
BL Fiction
အပိုင်း(၁၆)
ပန်းသီးက ပန်းသီး၏အရောင်မဟုတ်ပဲ အနီရောင်တွေ အဝါရောင်တွေနှင့် ကွဲမွနေသော်လည်း ပုံမပျက်သေးသော ပန်းသီး တလုံး၏ အသွင်ကို ဆောင်ထားလေသည်။ဒါက ဒီရက်သတ္တပတ်မှာကျတော် ဖေဖေ့ပြခန်းမှာ ပြသဖို့အတွက်
ရေးဆွဲထားသည့် ပန်းချီကားလေးပါ။

ကိုကိုက စုစုပေါင်း ပန်းချီကား နှစ်ကား ပြသပေမယ့် ကျတော်ကတော့ ဒီတပတ်မှာ ဒီတကားသာ ပြသမှာဖြစ်သည်။

အပြီးသတ်ပြီးသည့် ကျတော့် ပန်းချီကားလေးကို ကြည့်ကာ ကိုကိုက သဘောကျနေသည်။

"တခါ၊တခါကျတော့ ညီလေး လက်ရာထက် ညီလေးရဲ့ အတွေးလေးကို ကိုကိုက ပိုပြီး သဘောကျတယ်"

ကျတော်က ကိုကိုနှင့် မျက်နှာချင်းဆိုင်က ခုံပေါ်မှာ ထိုင်နေသည်။ကိုကိုက ကျတော်၏ ပန်းချီကားကို  ပြခန်းဆီသို့ ယူဆောင်သွားရန် ထုပ်ပိုးနေ‌ေလသည်။

"ဒီတကားပဲ ကိုကို ကျတော် နောက်ထပ် ပန်းချီမဆွဲတော့ဘူး"

"ဒါဖြင့် ညီလေးက ဘာအလုပ်လုပ် လုပ်ချင်တာလဲ?ကျောင်းဆက်တက်ချင်တာလား?"

"ကျတော် ခဏ နားဦးမယ် ကျတော့်စိတ်လေး အေးသွားပြီ ဆိုမှ ကျတော် တကယ်တမ်း ဘာလုပ်ချင်တာလဲ?ကျောင်းဆက်တက်ချင်တာလား?ဆိုတာကို စဉ်းစားတော့မယ်"

"ဒီကြားထဲကိုကို့ကို ကူ‌ပေးပါ့လား?"

"ဘာကူပေးရမှာလဲ?စာရင်းတွေတော့ မလုပ်ချင်ဘူးနော် ကိုကို"

အလိုလိုနေရင်း စူထွက်လာသည့် ကျတော့် နှုတ်ခမ်းလေးကို ကြည့်ကာ ကိုကိုက အူယား သလိုနှင့် သူ့လက်ချောင်းလေးတွေနှင့် လှမ်းကာ တို့ထိသည်။

"ကိုကို ဘယ်ကိုပဲ သွားသွား ကားမောင်းပြီး လိုက်ပို့ပေးတဲ့ အလုပ် လုပ်ရုံပဲ၊ဘယ့်နှယ့်လဲ သဘောကျရဲ့လား?"

ကျတော်က စဉ်းစားနေသည့် ပုံစံမို့ ကိုကိုက စိတ်ရှည်၊လက်ရှည်နှင့်ပင် ကျတော့် အဖြေကို စောင့်နေလေသည်။

"လုပ်မယ်လေ ကိုကို ကျတော်လည်း ကားမောင်းရတာကို သဘောကျတယ်"

ကိုကိုက ဒီတခါကျတော့ ကျတော့် ပါးဖောင်းဖောင်းလေး နှစ်ဖက်ကို သူ့လက်နှင့် ဖျစ်ညှစ်လိုက်လေသည်။
ပြီးတော့ ကျတော့် နဖူးလေးကိုလည်း ဖွဖွလေး နမ်းလိုက်သည်။

တို့....အတူ (Complete)Where stories live. Discover now