part 15

2.8K 114 0
                                    

တို့....အတူ
BL Fiction
အပိုင်း(၁၅)
"ဟင်...ကိုကို"
ကျတော် ညတရေးနိုး ရေထသောက်တော့ မီးဖွင့်လိုက်ရာ  အောက်ထပ် မီးဖိုခန်းထဲကဆိုဖာ‌ေပါ်မှာ ငုတ်တုတ်ကြီး ထိုင်နေသော ကိုကို့ကို တွေ့လိုက်ရသည်။

ကျတော့်ကို မြင်တော့ ကိုကိုက သူ့လက်နှစ်ဖက်ကို ကျတော့်ဆီသို့ ဆန့်တန်းပေးလိုက်လေသည်။ကျတော်လည်း ဆိုဖာပေါ်မှာ ထိုင်နေသည့် ကိုကို့ လက်နှစ်ဖက်ကြားထဲသို့ ပြေးဝင်ကာ အဖက်ခံလိုက်လေသည်။
ကျတော့်ခါးကို သူ့လက်နှစ်ဖက်နှင့် ဖက်ထားကာ ကျတော့် ဝမ်းဗိုက်လေးပေါ်၌ ကိုကိုက သူ့ခေါင်းလေးကို မှီလာသည်။

"အမှန်က ကိုကို မင်းကို စိတ်ကောက်ပြီး ဟိုတယ်မှာပဲ အိပ်တော့မလို့ သိလား?"

ကျတော် က ကိုကို့ နံဘေးမှာ မတ်မတ်ရပ်လျက် ကိုကို့ ဆံပင်လေးတွေကို ဖွဖွလေးပင်  ပွတ်သပ်ပေးလိုက်လေသည်။

"ဟုတ်ကဲ့"

"ပြီးတော့ ကိုကိုပဲ မနေနိုင် ဖြစ်ရတယ်။မင်းမျက်နှာလေးကို အိပ်ရာဝင်ခါနီး မတွေ့ရရင် ကိုကို အိပ်မပျော်နိုင်ဘူး ကောင်လေးရဲ့"

ကိုကိုက စကားပြောနေရင်းကပင် ကျတော့်ကို ပိုပြီးတော့ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်လေသည်။

"ဟုတ်"

"ကိုကိုလည်း ညီလေးကို ဘယ်အချိန်တည်းက ချစ်မိလို့ ၊ချစ်မိမှန်း မသိပေမယ့် ချစ်မိတာကို သိသွားတဲ့ အချိန်မှာ ရပ်တန့်လို့ မရတော့ဘူး။"

ကျတော် ပြုံးနေပေမယ့် ထိုင်ပြီး ကျတော့် ဗိုက်လေးပေါ်မှာ မျက်နှာလေးအပ်ထားသည့် ကိုကိုက ကျတော့် အပြုံးတွေကို မြင်ရမည် မထင်ပေ။

"ညနေတုန်းက ကိုကိုလွန်သွားတယ်။ကိုကို့ ကို ချစ်လားလို့ ညီလေးကို အတင်းအကြပ်ကြီး မေးမိသွားတယ်"

"ဟုတ်"

"ကိုကိုက အရမ်းဆိုးမိသွားလားဟင်?

"မဆိုးမိပါဘူး"

"ညီလေး ပြောချင်လာတဲ့ အချိန်ထိ စောင့်မယ် ဆိုပြီးတော့တွေးထားပေမယ့်
ပြည့်စုံနှင့် သဝန်တိုပြီးတော့ ကိုကို မွှန်သွားမိတယ်။
ကိုကို့ကို ခွင့်လွှတ်ပါနော်"

တို့....အတူ (Complete)Where stories live. Discover now