part 22

2.4K 110 0
                                    

တို့...အတူ(BL Fiction)
အပိုင်း(၂၂)
"တို့အိမ်က အငယ်လေး အခုတလော ပြခန်းမှာ ပန်းချီကားတွေ လာမပြပါ့လား? သားငယ် အခုတလော ဘာတွေ လုပ်နေလဲ?"

ဒီနေ့က ပိတ်ရက်လည်း ဖြစ်ပြီးတော့ ဖေဖေနှင့် အန်တီချို တို့၏ ဟန်းနီးမွန်းကာလကလည်း ပြီးဆုံးသွားပြီဆိုတော့ အိမ်မှာပဲ မိသားစုတွေ စုံစုံညီညီ နှင့် နေ့လယ်စာ စားဖြစ်ကြသည်။

နေ့လယ်စာစားရင်း သောက်ရင်း ဖေဖေက အောင်ရဲသူ၏ အကြောင်းကို စိတ်ဝငိတစားပင် မေးလာသည်။အောင်ရဲသူ၏ ပန်းချီကားတကား ရောင်းထွက်သွားကတည်းက ဖေဖေ့စိတ်အာရုံက သူ၏ သားငယ်လေးဆီသို့ ရောက်လာလေပြီ။ဒါကို ကျတော် သဘောကျပါသည်။ဖေဖေ့ဆီက ဂရုစိုက်တာမျိုးကို ညီလေးက တလျှောက်လုံး လိုချင်နေခဲ့တာ မဟုတ်လား?

" သားအနားယူနေတယ် ဖေဖေ။နောက်ပိုင်း ပန်းချီကိုလည်း ဆွဲချင်မှ ဆွဲတော့မှာ၊အခု လောလောဆယ်တော့ ကိုကို အလုပ်သွားတဲ့နောက်ကို လိုက်ပို့တဲ့ အလုပ် လုပ်နေပါတယ်"

ပန်းဂေါ်ဖီအဖြူကို နွားနို့နှင့် ပေါင်းထားသည့် ဓာတ်စာကို ဖေဖေက ဇွန်းလေးနှင့် ခပ်လိုက်သည်။ပါးစပ်ထဲကို ထည့်နေရင်းနှင့် အောင်ရဲသူကို လှမ်းကြည့်နေသည်။

"ဖေဖေတော့ ငယ်ငယ်ကတည်းက အခုချိန်အထိ တခါမှ အနားမယူခဲ့ဖူးဘူးကွယ်။လုပ်သင့်တာတွေ လုပ်နေရင်း လုပ်ချင်တာတွေ လုပ်နိုင်ဖို့ အတွက် မနားမနေ ကြိုးစားခဲ့ရဖူးတယ်"

အောင်ရဲသူ၏ ခေါင်းက ငုံ့သွားသည်။ဘာတခွန်းမှ လည်း မတုံ့ပြန်တော့။ဖေဖေကတော့ အရိပ်အကဲ ကြည့်လေ့ကြည့်ထ မရှိသည့်သူမို့ သူပြောလိုရာကို သာ ဆက်ပြောနေခဲ့သည်။

"သား ကိုကိုလည်း အဲ့ဒီလိုမျိုးပဲ သူ့မှာ ကျောင်းပြီးကတည်းက ဖေဖေ့လုပ်ငန်းတွေကို ဝင်ပြီး ဦးစီးနေရတဲ့အပြင် သူ့ဝါသနာပါတာကိုပါ အောင်မြင်အောင် မနားမနေ ကြိုးစားလာခဲ့ရတာ"

အောင်ရဲသူက ဇွန်းကို ကိုင်ကာ ငြိမ်နေသည်။အစားကိုပင် ဆက်မစားတော့ပေ။

အောင်ရဲသူသည် ဤသို့သောကောင်းငယ်လေး တယောက်ပင်
ဖြစ်‌ေလသည်။ ပြန်လည်း မပြောပေ။
ပြီးလျှင် စိတ်ထင်ရာကို ရွက်လွှင့်ကာ အရွဲ့တိုက်တတ်‌ေသာ အကျင့်လေးလည်းရှိလေသည်။

တို့....အတူ (Complete)Where stories live. Discover now