part 12

2.7K 132 2
                                    

တို့.....အတူ (BL Fiction)
အပိုင်း(၁၂)
ထိုညက ကျတော် နည်းနည်း သောက်လာခဲ့မိသည်။ပန်ပန်နှင့် ဒီဒီတို့ အမေ အိမ်က ထွက်သွားစဉ်ကတည်းက ကျတော် မသောက်ဖြစ်တာ ကြာပါပြီ။

မူးနေတော့လည်း အငှားယာဉ်မောင်း မခေါ်ချင်တာကြောင့် ဘုန်းစည်ကိုသာ လှမ်းခေါ် လိုက်မိသည်။

"ဟယ်လို ဦး‌ပြည့်စုံ"

"ဘုန်းစည် ၊ဦးကို လာခေါ်ပေးပါအုန်း။ မွန်း restaurant ရဲ့ ကားပါကင်မှာ "

"ဟုတ်ကဲ့ ကျတော်လာခေါ်ပါ့မယ် ဦး"

........
ကားထဲကနေ အပြင်ကို မထွက်ပဲ နောက်မှီမှာပဲ မှီထိုင်နေပြီး ရီဝေဝေဖြစ်နေသည်။အပြင်ကို လှမ်းကြည့်တော့လည်း ကားတွေကလွဲလို့ ဘာကိုမှ မမြင်ရချေ။

သိပ်မကြာခင် ဘုန်းစည် ကျတော့်ကို လာခေါ်ပေလိမ့်မည်။ဘုန်းစည်က သူ့မွေးစားမိဘ ‌တွေဖြစ်သည့် ကျတော့် အကိုတို့ လင်မယား ဆုံးပါးသွားကတည်းက ကျတော်တို့နှင့် အတူတူလာနေနေသည်မှာ တော်တော်ပင် ကြာနေလေပြီ။

ယခုနောက်ပိုင်း ကျောင်းဆက်တက်ရင်း စားဖိုမှူးသင်တန်း တက်ကာ အစား၊အသောက် ချက်ပြုတ်သည့် ပညာကို လေ့လာနေသူလည်း ဖြစ်သည်။

ကျတော်ထင်သည့် အတိုင်းပင် သိပ်အကြာကြီး မစောင့်လိုက်ရပေ။ဘုန်းစည် ရောက်လာလေသည်။

"ဦး မသောက်တာတောင် တော်တော်ကြာနေပြီနော်"

ကား‌ေရှ့ခန်း တံခါးကို ဖွင့်ပြီး ကားမောင်းသူနေရာမှာ ဝင်ထိုင်ကာ ပြောနေသည်။

"အေး ဟုတ်တယ် ဘုန်းစည် ၊တခါတလေပါ၊ဦး အမြဲတမ်းမသောက်ပါဘူး"

ဘုန်းစည်က ကားကို ကားပါကင်ကနေ စ ပြီး မောင်းထွက်လာသည်။ဘာမှ လည်း ပြန်မပြောပဲ ငြိမ်နေသည်။

"စိတ်ပျက်နေပြီလား?
စိတ်မပျက်ပါနဲ့ကွာ၊
တခါလေးပါ ၊ဒီတခါလေးပါပဲ"

ဘုန်းစည်က နဂိုကလည်း စကားနည်းသည်။အခုလည်း ကျတော့်ကိုဘာမှ မတုံ့ပြန်ချေ။သူက အဲ့ဒီလို နေတတ်တာ မှန်ပေမယ့် ကျတော်ကကျ နည်းနည်းမူးနေတော့ စကားတွေ အများကြီး ပြောချင်နေမိသည်။

တို့....အတူ (Complete)Where stories live. Discover now