part 29

2.1K 91 0
                                    

တို့....အတူ (BL Fic)
အပိုင်း(၂၉)
ကျတော်တို့ နှစ်ယောက်နှင့် နီးနီးကပ်ကပ် နေရာသို့ ရောက်လျှင် ဖေဖေက ရပ်လိုက်သည်။

"တို့အိမ်က အငယ်လေးတော့ အခုတလော အချိုးတွေပြောင်းပြီး မီးဖိုချောင်တွေ ဘာတွေ ဝင်နေပြီဆို"

ဖေဖေ့စကား ကြောင့် ကျတော်နှင့် ကိုကိုက တယောက်၏မျက်နှာကို တယောက်က ကြည့်ကာ အံ့ဩနေကြလေသည်။

"ဖေဖေ က ဘယ်လို လုပ်ပြီး သိတာလဲ"?

ကျတော့် ထံမှ အံ့ဩတကြီး မေးတာကို ဖေဖေက ပြုံးပြုံးကြီး လုပ်ကာ

"ဖေဖေ့မှာလည်း ဘယ်အရပ်ဒေသ ဖြစ်ဖြစ် မိတ်ဆွေ တွေ ရှိတာပေါ့ အငယ်လေးရဲ့"

ကိုကိုကတော့ ဘာမှလည်း ဝင်မပြောသလို၊ဘာကိုမှလည်း မမေးချေ။
အန်တီချိုကတော့

"နေ့လယ်စာ သွားစားကြမလို့လား?
လာ အန်တီချိုတို့နှင့် လိုက်ခဲ့ကြ အန်တီချို့ ဆိုင်မှာ သွားစားကြရအောင်"

အန်တီချို့ ဆိုင်ဟူသော စကားကြောင့် အစားအသောက် ကောင်းကောင်းကြိုက်တတ်သော ကျတော့်မှာ စားချင်စိတ်တွေ တဖွားဖွား ပေါ်လာရလေသည်။သို့ပေသိ ကိုကိုသာ မလိုက်ချင်ဘူး ဆိုရင် ကျတော်လည်း လိုက်မသွားဖို့ သာ တွေးထားမိသည်။

အန်တီချိုက မြန်မာထမင်းဆိုင် ခပ်ကြီးကြီး တဆိုင်ကို ပိုင်ဆိုင်ထားသည်‌ေလ။

အံ့ဩစရာ ကောင်းသည်မှာ ကိုကိုက လုံးဝ မငြင်းဘဲနှင့် ကားပေါ်ကို တက်လိုက်တာမို့ ကျတော်လည်း ဝမ်းသာအားရပင် ကိုကို့နောက်ကနေ တက်လိုက်သွားလေသည်။

ကားပေါ်ကို ရောက်တော့ ဖေဖေက

"ဖေဖေ့တည်းခိုခြံတောင် ပြီးတော့မယ်။ဒါပေမယ့် နှမြောစရာ ကောင်းတာက ဟိုတယ်နှင့် အပျော်စီး သ‌င်္ဘောကို ဖေဖေ ကောင်းကောင်း မစီမံနိုင်တော့တာပဲ။
အင်း.....အသက်ကကြီးလာပြီး ရောဂါကလည်း ရှိထားတော့ စိတ်သွားတိုင်း ကိုယ်မပါနိုင်ဘူး ဖြစ်နေတယ်။"

"ချို့ လိုပေါ့ အကို ချိုလည်း မြန်မာ ထမင်းဆိုင် ဆိုင်ခွဲ(၃)ကို ဖွင့်မယ်လို့ စိတ်ကူးကြည့်တိုင်း ကိုယ့်အသက်အရွယ်ကို ကိုယ်ပြန်ပြီး ငဲ့ရတယ်။နောက်တော့ မဖွင့်ဖို့ပဲ ဆုံးဖြတ်လိုက်တော့တယ်။အဟင်း"

တို့....အတူ (Complete)Where stories live. Discover now