part 24

2.4K 100 0
                                    

တို့....အတူ(BL Fiction)
အပိုင်း(၂၄)
"မအိပ်သေးဘူးလား?ကောင်လေး၊သည်းငယ်လေး"

အရင်တုန်းကဆို ကိုကိုက ကျတော့်ကို‌ ကောင်လေး၊အောင်ရဲသူ၊အချစ်လေး ဆိုပြီး အမျိုးမျိုးခေါ်ဝေါ်တတ်ပေမယ့် အခု အိမ်က ထွက်လာပြီးတဲ့နောက်မှာ သည်းငယ်လေးလို့ ခေါ်ပြန်သည်။

ကိုကို့အချစ်တွေက အမျိုးမျိုးပြောင်းလဲနေသည့်တိုင် သူချစ်သည့်သူကတော့ ကျတော်တယောက်တည်းပင် ဖြစ်တာမို့ ကျတော်က အဲ့ဒီလို အပြောင်းအလဲနှင့် ခေါ်တာကို သဘောကျသည်။

အခုလည်း ကိုကိုက အိပ်ချင်နေပြီ။ကျတော်က ဂစ်တာတီးနေတာမို့ ကျတော့်ကို စောင့်နေရလေသည်။

"ခဏလေးပါ ကိုကိုရဲ့ ဒီတပုဒ် တီးပြီးရင် အိပ်တော့မှာ"

ကျတော်နှင့်ပတ်သက်လျှင် ကိုကို က စိတ်ရှည်လက်ရှည်နှင့်ပင် စောင့်နေပေးဦးမှာကို ကျတော်သိသည်။နောက်ထပ်တပုဒ် ထပ်ပြီး တီးချင်သေးပေမယ့် ကိုကို့ကို သနားတာကြောင့် ဂစ်တာကို လက်ကချလိုက်သည်။

"ဟင် တီးချင်သေးတာဆို တီးလေ"

"မတီးတော့ဘူး။ကိုကို အိပ်ရေးပျက်မှာ စိုးလို့၊အိပ်တော့မှာ"

ကိုကိုက ကျတော့်နဖူးပေါ်သို့ အနမ်းလေးတပွင့် ခြွေချကာ

"လိမ်မာလိုက်တာ ကိုကို့သည်းငယ်လေးက"
လို့ပြောကာ ကျတော့်ခါးလေးကို လှမ်းဖက်လိုက်လေသည်။

ဖုန်းမြည်သံကြားရသည်။

"ဟော၊ကိုကို့ဖုန်းလာနေတယ်။ခဏနော် သည်းငယ်လေး"

ကိုကိုက ကျတော်နှင့် မလှမ်းမကမ်း၌ ဖုန်းပြောနေလေသည်။ဘယ်သူ့ဆီကလဲ?ဖေဖေ့ဆီကလား?ဘာအကြောင်းတွေပြောနေတာလဲ ?ကျတော်သိချင်မိသည်။

"ဟုတ်ကဲ့၊ကျေးဇူးပါ ခင်ဗျ၊"

"အဟင်းဟင်း ကျတော်တို့လား?
ပြန်လာမှာပေါ့ဗျ"

"ဟုတ်ကဲ့ ၊ကျတော် ပို့လိုက်ပါပြီ။သိပ်မကြာခင် အဲ့ဒီကိုရောက်မှာပါ"

"နောက်ကားတွေလည်း ရေးဖို့ အတွေးရှိပါတယ်။ဟုတ်ကဲ့။ကျေးဇူးပါဗျ"

တို့....အတူ (Complete)Where stories live. Discover now