part 17

2.5K 118 0
                                    

တို့...အတူ (BL Fiction)
အပိုင်း(၁၇)
ကျတော် မနက်စာ ပြင်မယ်ဆိုပြီး နိုးထလာတော့ မီးဖိုခန်းထဲ၌ အန်တီချိုနှင့် ဆုံသည်။သူလည်း ဒီမိသားစု အတွက် မနက်စာ ပြင်ပေးချင်ဟန် ရှိသည်။
ကျတော် ဝင်လာတာ ကို မြင်တော့ အန်တီချိုက နှုတ်ဆက်သည်။

"မောင်မြတ်ဘုန်းရှိန်လည်း အစောကြီး နိုးလာတာလား?"

"ကျတော်က မနက်စာ ပြင်ပေးဖို့ ထလာတာပါ အန်တီချို"

မိတ်ကပ်တွေ မပါဘဲနှင့်လည်း အန်တီချိုက ကြည့်ကောင်းသည်။တောက်ပခြင်း တမျိုးလည်း သူမမှာ ရှိသည်။

"အန်တီချိုကလည်း မနက်စာ ပြင်ပေးဖို့ပဲကွဲ့ ၊အကိုက က ဘာတွေနဲ့ တည့်တယ်။မတည့်ဘူး ဆိုတာကိုတော့ အန်တီချိုလည်း လေ့လာထားတော့ သိတယ်။ဒီအိမ်က အငယ်လေးနဲ့ မောင်မြတ်ဘုန်းရှိန် တို့ ဘာကြိုက်တတ်လည်း ပဲ အန်တီချိုက မသိတာ"

အန်တီချိုက ဖေဖေ့ကို အကို ဟု ခေါ်သည်။သူ ချစ်ရသည့် လင်ယောက်ျား ၏ အကြိုက်နှင့် ကျန်းမာရေးအတွက်တော့ ကြိုတင်လေ့လာထား ဟန်ရှိသည်။သားနှစ်ယောက်၏ အကြိုက်ကို တော့ မသိသေးဘူး ဟု ဆိုသည်။သိတော့ သိချင်ဟန် တူသည်။ဘယ်လိုပဲ ဖြစ်ဖြစ် စီးပွားရေးလုပ်ငန်းတွေကို ကိုယ်တိုင်ဦးစီးနေသည့် အမျိုးသမီး တယောက် အနေဖြင့် အိမ်ရှင်မ စစ်စစ်ကြီး လည်း လုပ်မည် မဟုတ်သည့် သူမကို အစားရွေးလွန်းသော အောင်ရဲသူအတွက်တော့ ခေါင်းမရှုပ်စေလိုပေ။

"ရပါတယ် အန်တီချိုရဲ့ ကျတော်တို့ အတူတူ မနက်စာ ပြင်ကြတာပေါ့။အငယ်လေးနဲ့ ကျတော့် အတွက်တော့ ကျတော် ကပဲ ကူညီပါ့မယ်"

အန်တီချိုက ပြုံးသွားသည်။
အခုမှပင် သက်တောင့်၊သက်သာ ဖြစ်သွားဟန် ရှိပါသည်။

"ဒါဆို အန်တီချိုလည်း အားမနာ၊ပါးမနာ နှင့် မောင်မြတ်ဘုန်းရှိန်ကိုပဲ နေ့တိုင်း အကူအညီ တောင်းရတော့မှာပဲ အဟင်းဟင်း"

"အဟင်း၊ရပါတယ် အန်တီချို အားမနာပါနဲ့၊ကျတော်ကကို ကျတော့်ညီလေးအတွက် မနက်စာ ပြင်ပေးချင်နေတာပါ"

ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်မိသည်။

အန်တီချိုက သူမကိုယ် သူမ အဖက်ဖက်က ပြီးပြည့်စုံ လွန်းချင်သည့် စိတ်မျိုး မရှိတာကိုလည်း ကျတော် သဘောကျသည်။ဇွတ်အမေကောင်းတွေ ဆန်ပြီး ရပါတယ် သားတွေ အတွက်ပါ မနက်စာ ပြင်ပေးပါရစေ ဘာညာတွေ မလာချေ။

တို့....အတူ (Complete)Where stories live. Discover now