တို့....အတူ(BL Fiction)
အပိုင်း(၃၃)ဇာတ်သိမ်းပိုင်းအချိန်(၂)နှစ်ခန့် ကြာသောအခါ
"ကိုကို"နေရောင်ခြည်နွေးနွေးလေးက ပြတင်းပေါက်မှန် မှ တဆင့်အခန်းထဲကို ကျရောက်လာသည်။နေရောင်နုနုလေးအောက်ဝယ် ကိုကိုမျက်လုံးလေးတွေက မှိတ်ထားဆဲပင်
"ဟင်း"
ကိုကိုက မျက်လုံးကို မဖွင့်ပဲ ကျတော့်ကို ပြန်ထူးသည်။ဒီနေရာက ကိုကို ဝယ်ထားသည့် အပန်းဖြေအိမ်လေးထဲက ကျတော်တို့ နှစ်ယောက်၏ အိပ်ခန်းလေးဖြစ်သည်။
ပန်းဥယျာဉ်လေး တခုလည်း ပါသလို၊ရေကူးကန်လည်းပါသည်။တထပ်တိုက်ပုံစံ လှလှကျယ်ကျယ်လေး၌ ခေါင်မိုးထပ် ဝရံတာ တခုလည်း ပါသည်။
အိပ်ခန်းလေးကတော့ ကျတော့်အကြိုက် ရိုးရိုးရှင်းရှင်းလေးပင် ပြင်ဆင်ပေးထားသည့် ဤ အမျိုးသားလေးသည် ချစ်စဖွယ်ကောင်းအောင် ခန့်ညားသော မျက်နှာလေးနှင့် ကျတော် အကြည့်အောက်၌ ယခုထိ အိပ်ပျော်နေဆဲ။
"ထတော့လေ ဒီနေ့ ဘုန်းစည်တို့ အိမ်ကိုလည်း သွားရအုံးမယ် မဟုတ်လား?"
အခုမှပင် ကိုကို့ မျက်လုံးလေးက ပွင့်လာလေပြီ။
"ဟင်ဟုတ်သားပဲ ပြည့်စုံက ညတုန်းကသေချာဖိတ်ထားတာ ၊ပြီးတော့ မသွားရင်လည်း မကောင်းတဲ့ ပွဲမျိုးပဲဟာ"
ကျတော့် ကိုငုံ့ကြည့်နေသော အောင်ရဲသူ၏ မျက်နှာ လုံးလုံး သေးသေး ဖောင်းဖောင်းလေးကို မော့ကြည့်ကာ သူ့နှုတ်ခမ်းဖူးဖူးဘေးကို ကျတော့်လက်နှင့် တို့ထိ ကစားနေမိလေသည်။
"အဲ့ဒါပြောတာပေါ့ ကိုကို က အပျင်းကြီးပြီး ထမှ မထပဲဟာ"
နှုတ်ခမ်းလေးဆူကာ ပွစိပွစိပြောနေသော ကောင်ဆိုးလေး၏ နှုတ်ခမ်းလေးကို ကျတော့်နှုတ်ခမ်းလေးနှင့် နမ်းပစ်လိုက်လေသည်။
အခုမှ အောင်ရဲသူက ပွစိပွစိရေရွတ်နေတာ ရပ်သွားလေသည်။"ဘယ်နှနာရီ ထိုးနေပြီလဲ?"
"ခုနှစ်နာရီ ရှိနေပြီ ကိုကိုရ"
ကျတော် က ကျတော့်ကို ငုံ့ကြည့်နေသော အောင်ရဲသူ၏ ကိုယ်လုံးလေးကို ပွေ့ဖက်ကာ ကျတော့်ရင်ခွင်ထဲသို့ ထည့်လိုက်လေသည်။
YOU ARE READING
တို့....အတူ (Complete)
Romanceသူ အထက်တန်းတုန်းက သူဘောလုံးကစားသည့် ပုံတွေကို ကျတော်ဆွဲဖြစ်ခဲ့သည်။ သူကျောင်းပြီးသွားတော့ သူစီးကရက်သောက်သည့် ပုံတွေကို ကျတော်ဆွဲဖြစ်ခဲ့ပြီ။ ဒါကိုတောင် ကျတော့်ကို သူ့အစ်ကို အရင်းလို့ ထင်နေရှာသေးသည့် ထိုကောင်လေးကို ကျတော်က အချိန်တိုင်း တမြတ်တနိုး ထိုင်...