part 19

2.4K 111 0
                                    

တို့...အတူ(BL Fiction)
အပိုင်း(၁၉)
ကျတော် အိပ်ရာက ထလာပြီးတဲ့နောက်
ရေချိုးခန်းထဲမှာ ရေချိုးကာ သွားတိုက်နေတုန်းမှာပင် မနေ့ညက ပြောခဲ့သည့် ဘုန်းစည်၏ မျက်နှာထား၊ဘုန်းစည်၏ စကားလုံးများ၊ဘုန်းစည်၏ အပြုအမူများ အားလုံးကို ပြန်တွေးကာ စိတ်တွေမြူးပျလာနေသည်။

အဝတ်အစားအပြည့် အစုံဝတ်ပြီးသည့် နောက်မှာတော့ ကျတော် မနေ့ကလိုပင် တခါတည်း ဆေးခန်းသွားဖို့ ကြံစည်ကာထားသည်။မနက်စာကိုလည်း ဆေးခန်းကိုရောက်မှ စားတော့မည်။
ကိုယ့်အတွေးနှင့်ကိုယ် ဟုတ်နေပြီမို့ အခန်းတံခါးကို ဆွဲဖွင့်လိုက်လေသည်။

"ဟင် ဘုန်းစည်။"

"ရှူး"

ဘုန်းစည်က သူ့၏ သန်မာလှသော လက်တွေနှင့် တံခါးရွက်ကို ကျတော် ပြန်ပိတ်လို့မရအောင် ထိ ဆုပ်ကိုင်ဟန့်တားထားသည်။ အသံကျယ်ကျယ် မထွက်ရန်လည်း သင်္ကေတ လုပ်ပြနေသေးသည်။တဆက်တည်းမှာပင် ကျတော့်ကို တွန်းထိုးကာ အခန်းထဲသို့ သူပါ လိုက်ဝင်လာလေသည်။

"ဘုန်းစည် မင်း ဘာ၊ဘာလုပ်တာလဲ?"

ဘုန်းစည်က ကျတော့် နှုတ်ခမ်းလေးပေါ်၌ သူ၏လက်ညှိုးလေးကို တင်ပြီး ပိတ်ပစ်လိုက်လေသည်။

"အဲ့ဒါ ဦးကို မေးရမှာလေ။မနေ့က ကျတော့်ကို အဖြေပြန်ပေးရမှာ မဟုတ်ဘူးလား?"

ကျတော့် ပခုံးနှစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်ကာ ဆွဲရမ်းလိုက်ရင်းကနေ ဘုန်းစည်က မေးနေလေသည်။

"အား နာတယ်ကွ"

ကျတော်က ခပ်တည်တည် ဖြင့် အော်လိုက်မှ ဘုန်းစည်က ဆွဲလား ရမ်းလား လုပ်နေတာကို ရပ်ပစ်လိုက်သည်။ပြီးတော့ ကျတော့်ထက် အရပ်ပိုမြင့်ပြီး ကိုယ်လုံး ကိုယ်ထည် ပိုကြီးသည့် ဘုန်းစည်က ကျတော့်ကို ဖက်ကာ သူ့ရင်ခွင်ထဲသို့ ထည့့်ပြီး ဖက်ထားလိုက်လေသည်။

"ကျတော် ဦးကို နာစေ့ချင်လို့ မဟုတ်ပါဘူး။ဆောရီးနော် ကျတော် လောသွားတယ်။အရမ်းနာသွားလားဟင် ဦး"

ကျတော် ဘုန်းစည်ကို တွန်းလိုက်သည်။
လူချင်းကွာသွားမှ

"ဟုတ်ပြီလေ။ကိုယ်တို့တွဲကြည့်ကြတာပေါ့။ဟုတ်ပြီလား?အဆင်မပြေဘူးဆိုရင်တော့ ဆက်မတွဲဘူးနော်။"

တို့....အတူ (Complete)Where stories live. Discover now