part 32

2.7K 91 0
                                    

တို့..အတူ(BL Fiction)
အပိုင်း(၃၂)
ဒီနေ့သည် အောင်ရဲသူတက်‌ေနသည့် ရိုးရာ အခြေခံ အစားအစာ ချက်ပြုတ်
‌ေရးသင်တန်း က သင်တန်းဆင်းပွဲ ပင်ဖြစ်သည်။

မနက်အစောကြီး ထ ကာ သင်တန်းဆင်းပွဲ၌  လက်ရာပြသရန်အတွက် အောင်ရဲသူက ဟင်း‌ေတွချက်နေသည်။ရိုးရာ အချိုပွဲ ကိုလည်း လုပ်နေသည်။

ဖေဖေက သူ့သားငယ်လေး ဒီလိုပျော်ရွှင်ပြီး တက်ကြွနေသည်ကို မြင်ရတော့ သူလည်းသဘောကျနေဟန် ရှိသည်။
ကျတော်ကတော့ သူပျော်နေတာ၊သူစိတ်ဝင်စားနေတာ ကိုမြင်ရရင် အလိုလို ပျော်နေမိရက်သားပင် ဖြစ်နေပြီ။

"ကိုကို ဘာကူညီရမလဲ?"

တယောက်တည်း အလုပ်ရှုပ်နေသော အောင်ရဲသူလေးကို ချစ်မိသည်။သူလေး ပင်ပန်းတာ လျော့သွားအောင် လုပ်ပေးချင်မိသည်။

"ကိုကို ကျတော့်ကို မွှေးမွှေးပေး။ဒီလို အချိန်ကျ ကိုကို့ဆီက အချစ်ရဲ့ အင်အားတွေ ကို ပိုလိုအပ်တယ်"

ကြည့်ပါဦး
အလိုလိုနေရင်းတောင် ချစ်နေရသည့် လူကို ကလူဤသို့ မြှူဤသို့  လုပ်နေပြန်ပြီလေ။ကျတော် သူ့ခါးလေးကို ဖက်ကာ သူ့ပါးလေး တဖက်ကို မွှေးမွှေးပေးလိုက်မိသည်။

"ဒီဘက်ရောပဲ ကိုကို"

ဒီလို ချွဲတတ်သည့် ကောင်ကလေးကို မလွှတ်တမ်းဖက်ထားချင်မိသည်။သူထိုးပေးသော နောက်ပါးလေး တဖက်ကိုပါ မွှေးမွှေးပေးလိုက်မိသည်။

"ကိုကို ဒီမှာ ထိုင်နေ။ပြီးရင် ကျတော့်လက်ရာကို မြည်းပေး။အဲ့ဒီလောက်ကူညီရင် ရပါပြီ။ချက်တာကိုတော့ ကျတော် တယောက်တည်းပဲ လုပ်ချင်တယ်။ဒါမှ ကျတော့် လက်ရာ ဖြစ်မှာလေ ကိုကိုရဲ့"

အောင်ရဲသူလေးဟာ ရိုးသားရဲရင့်တဲ့ ကောင်လေးတယောက်လည်း ဖြစ်နေပြန်သည်။ထိုအချက်လေးက သူ့ကိုကျတော် ချစ်တာထက်ပင် ပိုပြီး အထင်ကြီးစေမိပြန်သည်။

"ဟုတ်ပါပြီ။သည်းငယ်လေး ဟင်းချက်နေတာကို ကိုကိုက ဗီဒီယို နှင့် မှတ်တမ်းတင်ပေးမယ်။ကြိုးစားနော် ကိုကို့သည်းငယ်လေး"

"ရိုက်ပေးမလား?ကောင်းလိုက်တာ၊မှတ်တမ်းတင်ဖို့ ကျတော် မတွေးလိုက်မိဘူး။ဒီလိုကျ ကိုကိုရှိနေတာ ကောင်းလိုက်တာ"

တို့....အတူ (Complete)Where stories live. Discover now