part 27

2.3K 101 0
                                    

တို့....အတူ(BL Fic)
အပိုင်း(၂၇)
ကျတော်က ဖေဖေ့ဆီ ပြန်သွားဖို့ကိုလည်း စိတ်မကူးသလို ကိုကိုကလည်း သူ၏ပျိုးခြံလေးကို  အခြေတကျပင် ပြုစုပျိုးထောင်နေလေသည်။တဖက်ကလည်း ပန်းချီကားတွေရေးနေရင်းနှင့်ပေါ့။

ကျတော်ကတော့ အခုဆို ဈေးသွားလိုက်၊မီးဖိုချောင်ဝင်လိုက်နှင့် အရင်တုန်းကလို စိတ်ဒဏ်ရာတွေ ယူပြီးတော့ စီးကရက်လေးခဲလိုက် ကင်းဗတ်စတွေ၊ဆေးတွေ ဖြုန်းတီးလိုက်၊နေရာစုံကို လျှောက်သွားနေသည့် အောင်ရဲသူလေး မဟုတ်တော့ပေ။

"ဒါက အစိမ်းရောင်လေးနော် ကိုကို"

"ဟုတ်တယ် သူက ရှားတယ်နော် သည်းငယ်လေး စကားစိမ်းတဲ့လေ"

"ဟုတ်ပါ့ ကျတော်မြင်ဖူးတဲ့ စကားပင်လေးတွေက အဖြူကိုမှ အဝါဖောက်လေးတွေရယ်၊အဖြူလေးတွေရယ်ပဲ အများဆုံးတွေ့ဖူးတာရယ်"

"ကိုကိုလည်း သူ့ကိုတွေ့မှ စကားစိမ်းကို မြင်ဖူးတာရယ်၊ပျိုးခြံလေးဆိုပြီး အပေါ်ယံလေး တွေးပြီး စ လုပ်မိပေမယ့် လေ့လာလေ တွေ့ရှိလေပဲ"

ကျတော် အားရင် အားသလို ကိုကို့ပျိုးခြံလေးမှာ ဝင်၊ဝင်ပြီး ကူညီပေးတတ်ပါသေးတယ်။အမှန်ကတော့ ဝင်ရှုပ်တာပေါ့ဗျာ အဟဲ။

"ညမွှေးပန်းမှာလည်း အဖြူတို့၊အဝါတို့၊ခရမ်းတို့ အရောင်တွေ ရှိသေးတာပဲနော် ကိုကို"

"ဟုတ်တယ် တချို့ပန်းလေးတွေက အရောင်တမျိုးတည်းပေမယ့် တချို့ပန်းတွေကျ အရောင်အမျိုးမျိုး ရှိနေပြန်ပါရော"

အလုပ်ထဲမှာ နစ်ဝင်နေတဲ့ ကိုကိုရဲ့ ဘေးတခြမ်းစောင်းပုံစံလေးက သန့်ပြန့်ပြီး ကြည့်ကောင်းနေသည်။လူတယောက် သူ့အလုပ်ကို သူ စိတ်နစ်မျော နေတာ ဒီလောက်တောင် ကြည့်ကောင်းတာပါ့လားလို့တွေးမိသည်။

ကျတော် ကိုကို၏ဘေးတခြမ်းစောင်းပုံလေးကို လက်ညှိုးနှင့် လေထဲမှာ လိုက်ပါရေးဆွဲနေမိသည်။ဒါကို ကိုကိုက လှည့်ကြည့်သည်။ပြီးတော့ ပြုံးနေသည်။

"နေကြာပန်းလေးလိုပဲ ကိုကို့အပြုံးက နွေးထွေးလိုက်တာ"

"စာရေးဆရာ လုပ်တော့ မလို့လား ညီလေးရဲ့"

တို့....အတူ (Complete)Onde histórias criam vida. Descubra agora