Episode 01

391 24 2
                                    

1).

"အရှင့်သား ... မိဖုရားခေါင်က အခေါ်တော်ပါးပါတယ်"

မိဖုရားခေါင် Kate ၏ ရံရွေတော်မိန်းမပျိုမှ အရိုအသေပြုလျှောက်တင်လာသည်ကို Sam ခေါင်းညိတ်ပြလိုက်သည်။ ခမည်းတော် ဘုရင်ကြီး John ၏ မိဖုရားတစ်ပါးဖြစ်သည့် Kate သည် ယခင်မိဖုရားခေါင် Mary နတ်ရွာစံပြီးနောက် မိဖုရားခေါင်နေရာသို့ ရောက်ရှိလာသူဖြစ်ပြီး Mary ၏ သားတော်နှစ်ဦးဖြစ်သည့် Dean နှင့် Sam ကို ကြည့်ရှုစောင့်ရှောက်ပေးခဲ့သူ ဖြစ်ပေသည်။ မိထွေးဆိုသော်ငြား ဆိုးသွမ်းသည့်အကျင့်စရိုက်မရှိ၍ မင်းသားငယ်ညီအစ်ကိုတို့သည်လည်း လေးစားသမှုရှိကြပါ၏။ မိဖုရား Kate မှ မင်းသားငယ်တစ်ပါးဖွားမြင်ထားပြီး ထိုမင်းသားငယ်၏အမည်မှာ Adam ဖြစ်သည်။

"မင်းသား Sam အခစားဝင်ကြောင်းပါ"

ရံရွေတော်များ အနည်းငယ်ပျာယာခတ်နေသည့် မိဖုရားခေါင်နန်းဆောင်သို့ Sam ဝင်လာခဲ့ပြီး Sam မှ Kate ကို အရိုအသေပြု၍ နှုတ်ဆက်လိုက်သည့်အခါ

"Sammy ... Adam ပျောက်သွားပြန်ပြီကွယ်"

"ပျောက်သွားပြန်ပြီလား ... မစိုးရိမ်ပါနဲ့ မယ်တော် ... ကျွန်တော်မျိုးရှာပေးပါမယ်"

မိဖုရား Kate အား လိုအပ်သည်များကိုမေး၍ Sam ပြန်ထွက်လာခဲ့သည်။ Adam ၏ကိုယ်ရံတော်ပါပျောက်နေ၍ Adam နှင့် အတူတကွရှိနေနိုင်သည်ကြောင့် အနည်းငယ်စိတ်အေးရပေသည်။ မေးကာမြန်းကာနှင့်ပင် နောက်ဆုံးသဲလွန်စမှာ Dean ထံတွင်အဆုံးသတ်၏။ ထို့ကြောင့် Dean ရှိရာသို့ Sam ရောက်လာရပေတော့သည်။

2).

"ခစ် ခစ်"

"ဟား ဟား ဟား"

"အဟမ်း"

နန်းတွင်းသူတစ်ဦးကို ကျီစယ်နေသည့် Dean မှာ Sam ၏အသံကြောင့် လှည့်ကြည့်လာပြီး နန်းတွင်းသူသည်လည်း Sam ကို အရိုအသေပြုလာ၏။

"ဘာကိစ္စလဲ"

"Adam"

Dean ၏မျက်နှာပေါ်မှ အရယ်အပြုံးတို့ ပျောက်သွားခဲ့ပြီး

"သွားတော့"

နန်းတွင်းသူလေး ထွက်သွားသည့်အခါမှ

Fall for His MajestyWhere stories live. Discover now