Episode 50

31 6 0
                                    

1).

Castiel အား နည်းမျိုးစုံနှင့် ညှင်းပန်းစစ်ဆေးခဲ့ကြပြီး အခြားလူများအားဖော်ထုတ်စေသော်လည်း မည်သည့်အကြောင်းအရာကိုမျှ မသိရသည့်အခါ အလွန်အမင်းဒေါသထွက်နေသည့် ဂိုဏ်းခွဲမှူး၏လက်ချက်ဖြင့် Castiel သတိလစ်သွားခဲ့သည်။ Lilith ရှိမနေ၍ Castiel ကို ဖမ်းမိခဲ့သည့် ဂိုဏ်းခွဲမှူးမှသာ တာဝန်ယူစစ်ဆေးနေခဲ့ခြင်းဖြစ်ပြီး Castiel သတိလစ်သွားစဉ် အခြားအလုပ်ကိစ္စအတွက် ပြန်ထွက်သွားရလေသည်။

မည်မျှအချိန်ကြာသည်အထိ Castiel သတိလစ်သွားသည်မသိ၊ မျက်နှာပေါ်သို့ အုပ်ဆိုင်းကျလာသော အေးစက်သည့်အထိအတွေ့ကြောင့် သတိပြန်ဝင်လာခဲ့လေသည်။

"တပ်မှူး Novak ... ကျုပ်တို့ နောက်ကျသွားတယ်"

ရေစိုဝတ်တစ်ခုကို Castiel ၏မျက်နှာပေါ်ဖုံးအုပ်၍ သတိရစေခဲ့သည့် Balthazar ၏လူနှစ်ဦးသည် Castiel ၏အချုပ်အနှောင်တို့ကို ဖယ်ရှားရန်ကြိုးစားနေကြသည်။ သို့သော် Castiel ၏အာရုံမှာ အကြောင်းအရာတစ်ခုတည်းတွင်သာ ရှိနေခဲ့သည်။

"ဖိနပ် ... ကျုပ်ရဲ့ ဘယ်ဘက်ဖိနပ်ထဲကအိတ် ..."

ခြေဖဝါးတို့သည်လည်း ပြတ်ရှရာများနှင့် သွေးတို့နီရဲနေသူက ဖိနပ်ကိုမေးလာ၍ တစ်ဦးက အချုပ်အနှောင်တို့ကို ကြိုးစားဖြုတ်နေစဉ် အခြားတစ်ဦးက ဖိနပ်ကိုရှာရလေသည်။ အခန်းထောင့်တစ်နေရာတွင်တွေ့ရသည်က ညာဘက်ဖိနပ်ဖြစ်နေ၍ ထပ်မံရှာဖွေသည့်အခါ သံချောင်းများစီထားသည့်စင်အောက်တွင် ဘယ်ဘက်တစ်ဖက်ကို တွေ့လိုက်ရ၏။

"တွေ့ပြီ တပ်မှူး"

"အဲဒီထဲကအိတ်လေးထဲမှာ ဖြေဆေးနမူနာနဲ့ သူလျှိုစာရင်းပါတယ် ... အဲဒါတွေ Balthazar ဆီ ရောက်မှဖြစ်မယ်"

"ကျုပ်တို့ တပ်မှူးကို ရအောင်ခေါ်ထုတ်မှာပါ"

ထိုစဉ် လေချွန်သံခပ်စူးစူးက ထွက်ပေါ်လာ၍

"အချိန်မရတော့ဘူး ... မင်းတို့သွားတော့ ... ဒါတွေက ဖြုတ်ဖို့မလွယ်ဘူး ... အဲဒီဟာတွေကို Balthazar ဆီ အမြန်ဆုံးရောက်အောင်ပို့ပါ"

"ကျုပ်တို့ သေချာပေါက်ပြန်လာမယ် ... ခဏပဲစောင့်ပါ"

Castiel ခေါင်းညိတ်လိုက်သည်။ ညှင်းပန်းနှိပ်စက်ခံထားရသည့်အပြင် အဆိပ်ထိထားသည့်ဒဏ်ကြောင့် ခန္ဓာကိုယ်တစ်ခြမ်းမှာ ခံစားမှုပင်ပျောက်ချင်နေသည်။ မျက်စိတစ်ဖက်သည်လည်း အမြင်အာရုံမထင်ရှားတော့သကဲ့သို့ နားတစ်ဖက်သည်လည်းအူနေလေသည်။ သို့သော် ထိုဝေဒနာကြားမှ Castiel ပြုံးမိသွားပြီး

Fall for His MajestyWhere stories live. Discover now