Episode 40

46 9 0
                                    

1).

သမားတော်ကြီးထံတွင် အဆိပ်ဒဏ်ကိုခေတ္တတားထားနိုင်သည့် ကုထုံးဖြင့် ကုသမှုခံယူရသည်မှာ နှစ်နာရီခန့်ကြာသွားပြီးနောက် Dean တစ်ယောက် အိပ်မောကျသွားသည်က နေ့တစ်ဝက်ကျိုးလုနီးပါးပင်။

"Benny"

အိပ်ရာမှနိုးသည်နှင့် လည်ချောင်းတို့ခြောက်သွေ့နေသဖြင့် Benny ကိုခေါ်လိုက်သည့်အခါ ဆေးရည်ခွက်ကိုယူ၍ Dean ၏အနီးသို့ Benny ရောက်လာလေသည်။ Benny ကမ်းပေးလာသည့် ဆေးခွက်ကို Dean ယူသောက်ပြီးနောက်

"ဟူး ... ပူလိုက်တာ"

ကုထုံး၏နောက်ဆက်တွဲအဖြစ် ပူအိုက်သည့်ဒဏ်ကို Dean ခံစားနေရလေသည်။

"အခန်းထဲနေရတာ ပိုပူတယ် ... Lisa ဆီကို သွားမယ်"

Dean ၏ မူလအတွေးတွင် ယမန်နေ့က အိပ်ဆေးများသောက်ထားသည့် Meg ကို သတင်းမေးရန်ရည်ရွယ်သော်လည်း စိတ်ရှုပ်မခံလိုသည့်အခြေအနေကြောင့် Lisa ထံသို့သွားရန်သာ ဆုံးဖြတ်လိုက်ခြင်းပင်။

Dean ၏ ဆုံးဖြတ်ချက်တို့ မှန်ကန်ခဲ့လေသည်။ ယုန်ကလေး Ben နှင့်အတူ ပျော်ရွှင်နေသည့် Lisa ကို မြင်တွေ့ရသည်က သောကများနေသည့် Meg ကို တွေ့ရသည်ထက် ပို၍စိတ်ချမ်းသာရပေသည်။ Lisa နှင့်အချိန်ဖြုန်းနေစဉ်တွင် Charlie သည်လည်း သူ၏ယုန်နက်လေးကိုပိုက်၍ ရောက်လာပြီးနောက် မင်းသမီးနှစ်ပါးနှင့် ယုန်နှစ်ကောင်တို့သည် ဥယျာဉ်ရှိရာသို့ရောက်သွားကြ၏။

ယခုမှပင် အဖော်ရသွားသည့် Charlie နှင့် ယုန်နက်လေးမှာ ထိန်းမရတော့ပေ။ ခေတ္တမျှအကြာတွင် Charlie ၏အော်သံက စူးခနဲထွက်လာသည်။

"အား ... Ben ... Ben ... ဖယ်စမ်း ... သွား ... Blacky နားမကပ်နဲ့"

သူ၏ယုန်နက်လေးကိုပိုက်ကာ ခြေဆောင့်၍အနားရောက်လာသည့် Charlie ကို Dean ကြည့်နေမိသည့်အခါ

"ဘာကြည့်တာလဲ ... အဲဒါ အိမ်ရှေ့စံကြောင့်"

"ဟင် ... ငါ ဘာလုပ်မိလို့လဲ ... မင်းပဲ လိုက်လာပါဆိုလို့ ငါလိုက်လာပြီး မင်းတို့ဆော့နေတာကို ထိုင်ကြည့်ပေးနေတာလေ"

Lisa မှာလည်း ရယ်ချင်သည်ကိုထိန်းချုပ်ထားရဟန်နှင့် Ben ကိုပိုက်၍ နောက်မှလိုက်လာသောကြောင့် 'ဘာဖြစ်တာလဲ' ဟူသည့်အကြည့်နှင့် Lisa ကို Dean လှမ်းကြည့်သည့်အခါ Lisa က အသံတိတ်ရယ်၍သာနေ၏။

Fall for His MajestyWhere stories live. Discover now