Episode 03

75 9 0
                                    

1).

Castiel တစ်ယောက် သေသူအနီးမှ လက်နက်များကိုယူလိုက်ပြီး ထွက်သွားသူနှစ်ဦးနောက်သို့ လိုက်ရပေတော့သည်။ သူ့ကိုကူရင်း ဒဏ်ရာရသွားသည့်အပြင် လက်ယဉ်စွာလူသတ်သွားသည့် ထိုလူကို လွှတ်ပေးလိုက်ရန် Castiel ဆန္ဒမရှိပါ။

"ဒီမှာ ..."

လူပြတ်သည့်လမ်းကြားသို့ဝင်သွားကြသည့် ၎င်းတို့နှစ်ဦးမှာ လှည့်ပင်မကြည့်။ ဈေးအစွန်ဘက် ပစ္စည်းများထားသိုသည့်ဂိုဒေါင်များရှိရာ ထိုနေရာသည် ဈေးချိန်အတွင်းတွင် လူပြတ်လေ့ရှိ၏။ ရှေ့မှနှစ်ဦးကို Castiel အမီလိုက်၍ ပခုံးကိုလှမ်းဆွဲလိုက်သည့်အခါ ဆတ်ခနဲရုန်းထွက်သွားပြီးမှ မျက်နှာမဲ့သွားသူအားကြည့်ကာ ဘေးမှမိန်းကလေးက အော်လေတော့သည်။

"ရှင် ဘာလုပ်တာလဲ"

"လူသတ်ပြီးထွက်ပြေးသွားလို့ လိုက်လာတာလေ ... မင်းဘယ်သူလဲ"

Charlie ကိုပြောလိုက်ပြီး Dean ကိုကြည့်ကာမေးသည့် Castiel ကို Dean က ပြန်မဖြေခဲ့။

"ရှင်မေးတိုင်းဖြေရအောင် ရှင်ကဘာမို့လို့လဲ ... ရှင့်ကိုကယ်လိုက်တာတောင် ကျေးဇူးတင်ရဦးမှာ"

Dean ၏ဒဏ်ရာမှ သွေးထွက်နေပုံအရ ယခုအတိုင်းဆက်သွားနေ၍ မဖြစ်တော့ပေ။ ထို့ကြောင့် Castiel ကပင် ဝတ်ရုံကိုကမ်းပေးလိုက်ပြီး

"ဒဏ်ရာကိုဆေးထည့်ရအောင် ကျုပ်နဲ့လိုက်ခဲ့ပေး"

"ဆေးဆရာဆီ သွားလို့မဖြစ်ဘူး"

Charlie ဆိုလိုသည်မှာ အိမ်ရှေ့စံသည် တွေ့ရာဆေးဆရာနှင့် ကုသ၍မဖြစ်ဟု ဆိုလိုရင်းပင်။ သို့သော် Castiel မှတ်ယူသည်က ဓားဒဏ်ရာဖြစ်၍ ဆေးခန်းသွားလျှင် ပြဿနာဖြစ်နိုင်သည်ဟူ၍။

"ကျုပ်နားလည်တယ်"

Castiel ပေးသည့်ဝတ်ရုံကို Dean က ဆွဲယူခြုံလိုက်ပြီး

"သွားစို့"

"Dean"

Castiel ၏စကားကို Dean က အလွယ်တကူလက်ခံလိုက်၍ Charlie က တားလိုသည့်ဟန်ပင်။
Castiel က တံဆိပ်ပြားတစ်ခုကို ထုတ်ပြလာပြီး

"ကျုပ်နဲ့လိုက်ခဲ့တာ ကောင်းမယ်"

ငြင်းမည့်ဟန်ပြင်သည့် Charlie ၏လက်ကိုကိုင်ပြီး Dean က

Fall for His MajestyWhere stories live. Discover now