Episode 05

62 7 0
                                    

1).

"Castiel... ဈေးထဲသွားရအောင်"

မြို့တံခါးမှစောင့်၍ နယ်စားမင်းကိုကြိုသည့် Castiel ကို မြင်လျှင်မြင်ချင်းပင် Meg ပြောလိုက်သည့်အချိန်တွင် နယ်စားမင်းကို ဦးညွှတ်လိုက်သည့် Castiel ခေါင်းပင်ပြန်မမော့ရသေးပေ။

"တည်းခိုအိမ်ကို အရင်သွားကြတာပေါ့ သခင်မလေး ... နောက်နေ့ နန်းတော်ကနေပြန်ထွက်လာမှပဲ ..."

"ဘာကို နောက်နေ့လဲ ... ဘယ်က တည်းခိုအိမ်လဲ"

"အရှင်နဲ့ သခင်မလေး တည်းခိုဖို့ ..."

"တပ်မှူး Novak!"

Castiel ၏စကားများကို ဆုံးအောင်ပင်မစောင့်ဘဲ ဖြတ်ပြောနေသည့် Meg က ထအော်သည့်အတွက် Castiel တစ်ယောက် သူ စကားမှားမိသည်လားဟုပင် ပြန်တွေးနေမိသည်။

"ရှင့်နေရာက ဘာဖြစ်လို့လဲ"

"ကျွန်တော့်နေရာ ... အဲဒါကကျဉ်းတယ်လေ သခင်မလေးရဲ့ ... အခုစီစဉ်ထားတဲ့နေရာက လုံခြုံရေးလည်းစိတ်ချရပါတယ် ... လူများများနေလို့လည်း အဆင်ပြေပါတယ်"

"ရှုပ်ရှုပ်ယှက်ယှက်"

Castiel မည်သို့ပြောရမည်မသိတော့၍ နယ်စားမင်းကိုသာကြည့်လိုက်မိ၏။ နယ်စားမင်းသည် Castiel တို့ပြောနေကြသည်ကို မကြားဟန်ပြုနေသောကြောင့် ကိုယ့်ကိစ္စကိုယ်ရှင်းဟုသာ ပြောနေဟန်။

"ဒါဆို အခုကတော့ တည်းခိုအိမ်ကိုအရင်သွားကြမယ် ... ပြီးရင် သခင်မလေးသွားချင်တဲ့နေရာကို ကျွန်တော်လိုက်ပို့ပေးပါ့မယ်"

"အိမ်တော်ထိန်း သွားစို့"

ထိုအခါမှ Castiel ၏စကားကိုလက်ခံလိုက်သည့် Meg က မြင်းလှည်းအပြင်တွင်ထိုင်နေသည့် အိမ်တော်ထိန်းကို လှမ်းအော်ရင်း ခေါင်းပြူကြည့်နေရာအပေါက်မှ လှည်းအတွင်းသို့ပြန်ဝင်သွားလေ၏။ မြင်းလှည်းရှေ့ဘက်နားရှိ မြင်းတစ်ကောင်ပေါ်မှ နယ်စားမင်းမှာလည်း ထိုအခါမှပင် ပြုံးသွားပြီး

"မင်းနှမကို မင်းဘာသာထိန်းတော့ Castiel... ကျုပ်ကိုလည်း တစ်လမ်းလုံးပြောလာတာ စုံနေတာပဲ"

Fall for His MajestyWhere stories live. Discover now