1).
"စစ်သူကြီး ... နယ်စား Masters တို့ကတော့ လာပါတွေ့ပြီးပြီ ... မင်းသမီး Lisa နဲ့က အခြေအနေကောင်းပါ့မလား"
"အရှင်နဲ့သာတွေ့သွားတာ ... အိမ်ရှေ့စံက သူတို့လာမှာသိရဲ့နဲ့ သေချာလက်ခံမတွေ့လိုက်ဘူးလေ ... စိတ်မပူပါနဲ့ အမတ်ကြီးရဲ့ ... မင်းမျိုးနွယ်မင်းသမီးတစ်ပါးနဲ့ ဟိုနယ်စားမင်းရဲ့သမီးနဲ့ဆို ခင်ဗျားသာ အိမ်ရှေ့စံနေရာမှာဆိုရင် ဘယ်သူ့ကိုရွေးမလဲ"
"ကျုပ်မြင်တာတော့ အိမ်ရှေ့စံက ဘယ်ကိစ္စကိုမှ စိတ်ဝင်စားပုံမပေါ်ဘူး"
"ကောင်းတယ် ... သူ့စိတ်ထဲ ဘာမှမရှိတာလည်း အခွင့်အရေးပဲပေါ့ ... ကျုပ်တို့က သူ့စိတ်ထဲကိုတစ်ခုခုထည့်ပေးနိုင်ရင် ရပြီလေ"
စစ်သူကြီး Elkins ၏အဆိုကို အပေါင်းအပါအမတ်တို့က ခေါင်းညိတ်လေ၏။
"အခုထိ အတိအကျအမိန့်မချသေးတာကို ကျုပ်တော့စိုးရိမ်မိပါရဲ့ဗျာ"
"ငြိမ်းချမ်းရေးကိစ္စဆိုတော့ ငြင်းစရာမရှိတာကြောင့် သိပ်လည်းစိတ်ပူစရာမရှိဘူး အမတ်ကြီးရဲ့ ... ကျုပ်တို့က နည်းနည်းလေးဆော်ဩပေးဖို့တော့ လိုတာပေါ့ ... နောက်ဆုံး မိဖုရားနှစ်ပါးဖြစ်လာရင်တောင် ကျုပ်တို့ဘက်က မိဖုရားငယ်ဖြစ်လာစရာအကြောင်း လုံးဝမရှိဘူး"
"စစ်သူကြီးပြောတာလည်း မှန်ပါတယ်ဗျာ"
တစ်ဖက်တွင် ထိုသို့တွေ့ဆုံပြောဆိုနေကြသည့်နည်းတူ တစ်ဖက်တွင်လည်း
"စစ်သူကြီးတို့ဘက်က စကားသံတွေထွက်နေတယ် အမတ်ချုပ်ကြီး ... မိဖုရားက နှစ်ပါးဖြစ်သွားရင်တောင် သူတို့ဘက်က မိဖုရားငယ်ဖြစ်စရာမရှိဘူးတဲ့ ... ကျုပ်တို့စိုးရိမ်တာလည်း အဲဒါပဲဗျာ ... မင်းမျိုးမင်းနွယ်မိဖုရားကိုပဲ မိဖုရားခေါင်အဖြစ်ထားမှာပဲ ... တစ်ဖက်ကဘုရင့်မျက်နှာတော်ကလည်း ရှိသေးတယ်မဟုတ်လားဗျာ"
အမတ်ချုပ် Guenther ခေါင်းတဆတ်ဆတ်ညိတ်လျက်မှ
"တစ်ခါတလေမှာ ရာထူးထက် အရည်အချင်းကအဓိကကျပါတယ် ... အိမ်ရှေ့စံရဲ့အလုပ်တွေမှာ တစ်ပြည်သူမိဖုရားက ဘယ်လောက်အထောက်အကူဖြစ်မှာတဲ့လဲ ... Lady Meg Masters က သူ့ဖခင်ရဲ့ခြေရာအတိုင်း လိုက်နေရတဲ့သူဆိုတော့ အရည်အချင်းကအပြည့်ပဲ ... အိမ်ရှေ့စံရဲ့လုပ်ငန်းစဉ်တွေမှာ အထောက်အကူအများကြီးပေးနိုင်တယ် ... ဒီလိုဆိုရင် အိမ်ရှေ့စံက ဘယ်သူ့ကိုအရေးပေးမယ်လို့ ထင်သလဲ"
![](https://img.wattpad.com/cover/333136393-288-k385716.jpg)
YOU ARE READING
Fall for His Majesty