Episode 04

61 8 0
                                    

1).

ခမည်းတော် Lisa ကိုခေါ်တွေ့သည့်ကိစ္စမှာ Leo ကိစ္စမဟုတ်သကဲ့သို့ ပန်းပင်ကိစ္စလည်းမဟုတ်ပေ။ မိမိတို့နှင့်မဟာမိတ်နိုင်ငံမှ အိမ်ရှေ့စံမင်းသားနှင့် ထိမ်းမြားလက်ထပ်ရန်ကိစ္စဖြစ်သည်။ 

မိမိတွင် ချစ်ခင်စုံမက်ရမည့်လူမရှိသော်လည်း ယခုကဲ့သို့ အခြားနိုင်ငံမှအိမ်ရှေ့စံမင်းသားနှင့် လက်ထပ်ထိမ်းမြားရန် ရုတ်တရက်စီစဉ်ခြင်းသည် စိတ်ကသိကအောက်ဖြစ်ရသောကြောင့် ခမည်းတော်အား စိတ်ဆိုးမိသည်။

သို့သော် ...
ထိုမင်းသားနှင့် လက်ထပ်ထိမ်းမြားလိုက်ပါက မိမိတို့ရင်ဆိုင်နေရသည့် တောင်ပိုင်းဒေသတွင် အစာရေစာပြတ်လပ်ရှားပါးနေသည့် ပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်သောကြောင့် ထိုကိစ္စကို ကြည်ဖြူစွာလက်ခံလိုက်ရတော့သည်။ 

2).

အိမ်ရှေ့စံ Dean သည် သူ၏အခန်းထဲမှစားပွဲတွင် တစ်စုံတစ်ခုကို စိတ်ဝင်တစားဖတ်ရှုနေလေသည်။

"Castiel Novak... နယ်စား Masters ရဲ့ တပ်မှူး ... မိဘဆွေမျိုးမရှိ ..."

ဖတ်ပြီးသည့်အခါ

"တစ်ကောင်ကြွက်ဖြစ်နေတာကလွဲရင် မကောင်းတာသိပ်မတွေ့ပါလား ... အတွယ်အတာမရှိတာလည်း တကယ်တော့ကောင်းတာပဲ ... Masters ရဲ့ ညာလက်ရုံးလိုပဲဆိုတော့ သူတို့အကြောင်းသိနိုင်တာပေါ့"

သူ၏အတွေးကိုသူသဘောကျပြီး ပြုံးမိသည့် Dean သည် လက်ထဲမှစာလိပ်ကို စားပွဲပေါ်ရှိ အနက်ရောင်အဝတ်ခေါက်ပေါ်သို့ ချလိုက်ပြီး အခန်းတွင်းမှထွက်လာသည်တွင်

"အိမ်ရှေ့စံ ... အိမ်ရှေ့စံ"

"Charlie ... ဘာကိစ္စနဲ့ အလောတကြီးဖြစ်နေတာလဲ"

"ဟိုနေ့ကကိစ္စ ထပ်ပြီး ဘာသိရပြီလဲ"

Charlie ကို စပ်စုရန်ကောဟူသည့်အကြည့်ဖြင့် Dean ကြည့်လိုက်ကာ

"ဘာမှမသိရသေးဘူး"

"အခု အပြင်ထွက်မလို့လား"

"Sammy ဆီကို သွားမလို့"

"ဒါဆို သွားကြစို့"

Fall for His MajestyWhere stories live. Discover now