1).
"အဲဒါဘယ်လိုဖြစ်တာလဲ ... အိမ်ရှေ့စံ နန်းတွင်းထဲမှာမရှိတာကို မင်းတို့ကမသိကြဘူးလား ... ဘယ်ကိုထွက်သွားလဲဆိုတာ မသိကြဘူးလား"
ဒဏ်ရာတစ်ဖက်နှင့် ကိုယ်ရံတော် Benny Lafitte တစ်ယောက် အိမ်ရှေ့စံအဆောင်တော်မှအစောင့်များကို မေးမြန်းဆူပူနေလေသည်။ မည်သည့်နေရာသို့ထွက်သွားသည်ကို မည်သူမျှမသိလိုက်ကြပေ။
"ဦးရီးတော် Singer ကို သွားတွေ့တာတော့ ..."
"တော်စမ်း ... အခု အဲဒီမှာမရှိဘူးလေ ... Garth ဘယ်မှာလဲ"
"အိမ်ရှေ့စံနဲ့အတူတူထွက်သွားတာပါ ကိုယ်ရံတော်ကြီး"
"မင်းသား Sam နဲ့ရော အတူတူပဲလား"
"မင်းသား Sam က နေ့လယ်ကတည်းကထွက်သွားတာပါ ကိုယ်ရံတော်ကြီး"
"အခု သွားရှာတဲ့ကောင်တွေဆီက ဘာသတင်းမှမလာဘူးပေါ့"
မည်သူမျှမဖြေရဲ၍ ခေါင်းသာငုံ့နေကြလေ၏။ Benny တောက်တစ်ချက်ခေါက်၍ လှည့်ထွက်သွားပြီး သူ၏အခန်းသို့ပြန်ကာ အဝတ်အစားများလဲ၍ အပြင်သို့ထွက်ရန်ပြင်လေသည်။
"ကိုယ်ရံတော်ကြီး ဒဏ်ရာတစ်ဖက်နဲ့ နန်းပြင်မထွက်ပါနဲ့ ... အိမ်ရှေ့စံကလည်း ကိုယ်ရံတော်ကြီးကို အပြင်မထွက်ဖို့ သေချာမှာသွားပါတယ် ... အခုလည်း သေချာလေးသွားရှာနေကြပြီဆိုတော့ ..."
"အိမ်ရှေ့စံတစ်ခုခုဖြစ်သွားရင် အဲဒီကိစ္စကို မင်းတာဝန်ခံနိုင်သလား"
တားနေသည့်ကိုယ်ရံတော်မှာ မည်သို့တုံ့ပြန်ရမည်မသိ။
"တာဝန်မခံနိုင်ဘူးမဟုတ်လား ... ဖယ်စမ်း ငါ့ကိုမတားနဲ့"
အိမ်ရှေ့စံနှင့် ညီတော်မင်းသား Sam ပြန်ရောက်မလာသည့်အပြင် မည်သည့်သတင်းမျှမရသည့်အတွက် အခြားသူများလည်းမရိပ်မိစေရန် သတိထားလှုပ်ရှား၍ အရေးတကြီးရှာဖွေနေရသည့်ကြားတွင် အိမ်ရှေ့စံမှ မလှုပ်ရှားရန်မှာထားသည့် ကိုယ်ရံတော်ကပါ အိမ်ရှေ့စံကိုထွက်ရှာမည်ဆိုသောကြောင့် ညနက်သန်းခေါင်တွင် ကိုယ်ရံတော်အဖွဲ့သားများ ဗျာများနေကြလေပြီ။
CZYTASZ
Fall for His Majesty