Episode 52 (Final)

105 7 7
                                    

1)

"Cas ... Castiel ... ငါ့အသံကိုကြားရလား"

ဟူသော Balthazar ၏ အသံကြောင့် Castiel တစ်ယောက် အသိစိတ်နှင့်ခန္ဓာကိုယ် ပြန်တွဲမိသွားပြီး လေးကန်နေသောမျက်လုံးများကို ဖွင့်လိုက်သည်။ ထိုအခါ မိမိအား စိုးရိမ်တကြီးဖြင့်ကြည့်နေကြသော Balthazar နှင့် နန်းတွင်းသမားတော်ကြီးကို တွေ့ရသည်။

သို့သော် ...
ကြာကြာတွေ့ရသည်မဟုတ်။ မျက်လုံးတစ်ဖက်မှာ ဝေဝါးလာပြီး နားတစ်ဖက်သည်လည်း အူလာကာ ခန္ဓာကိုယ်တစ်ခုလုံးကို အပ်ပေါင်းမြောက်မြားစွာနှင့် ထိုးဆွနေသကဲ့သို့ ခံစားရသောကြောင့် Balthazar ကို

"အင်း"

တစ်ခွန်းသာတုံ့ပြန်လိုက်ပြီး လွတ်ချင်နေသောအသိစိတ်များကို ပြန်လွှတ်ပေးလိုက်သည်။ ဤသို့ အသိစိတ်လွတ်သွားသည်နှင့် နန်းဆောင်ထဲတွင်ရှိနေမည့် Dean ထံသို့ အာရုံချက်ချင်းရောက်သွားသဖြင့် 

"Dean"

ဟု ခပ်တိုးတိုးခေါ်လိုက်သည်။ 

2)

"Dean"

တစ်ဦးတည်းရှိနေသည့်အခန်းထဲတွင် ထိုအသံကို ကြားလိုက်ရသဖြင့် Dean ထိတ်လန့်သွားကာ ခန္ဓာကိုယ်ကို မတ်လိုက်မိသည်။ ထို့နောက် နန်းတော်သို့ Benny ပြန်ရောက်လာသည့်နေ့ကတည်းက ယနေ့အထိ Benny နှင့်အတူ ပါလာသည့် Castiel အား သွားမကြည့်ရသေးသည့်အကြောင်းကိုပါ တွေးလိုက်မိသည်။ Castiel ဟူသောအမည်နာမကို ကြားလိုက်ရုံနှင့် လက်ဝဲဘက်ရင်ဘတ်နေရာမှ နာကျင်လာရပြီး မေ့ထားပစ်လိုသည့်စကားများကို ပြန်လည်ကြားယောင်မိသောကြောင့် Castiel ကို လျစ်လျူရှုထားခဲ့သော်လည်း ယခုမှ ရုတ်တရက်ပင် နေမထိထိုင်မသာဖြစ်လာရပြန်သည်။ ထို့ကြောင့် အခန်းဝတွင်ရှိနေမည့် Garth ကို

"Garth"

ဟု လှမ်းခေါ်လိုက်သည်။ 

သို့သော် ....
Garth ၏ တုံ့ပြန်သံအစား

"ရှင် ဘယ်အချိန်အထိ အခုလို အခန်းထဲမှာပဲပုန်းနေမှာလဲ Dean Winchester"

ဟူသော Meg Masters ၏ အသံကို ကြားလိုက်ရသဖြင့် နောက်ကျောဘက်ဆီသို့ လှည့်ကြည့်လိုက်သည်။ Meg Masters သည် မီးဝင်းဝင်းတောက်လုနီးပါးမျက်ဝန်းတို့ဖြင့် မိမိအား စိုက်ကြည့်ကာ

Fall for His MajestyWhere stories live. Discover now