Episode 36

51 9 2
                                    

1).

အိမ်ရှေ့စံဆင့်ခေါ်သည့်အတွက် အဆောင်တော်သို့ Castiel ရောက်လာခဲ့သည်။ အခန်းတွင်း၌ အိမ်ရှေ့စံနှင့်အတူ မင်းသား Sam လည်းရှိနေပြီး မျက်နှာထားတင်းနေသည့် မင်းသား Sam က Castiel ကို စူးစိုက်ကြည့်ကာ စကားစလိုက်၏။

"မတော်တဆတဲ့လား Novak? မင်းက ဘယ်လောက်အထိအတင့်ရဲနေဦးမှာလဲ။"

"မဝံ့ရဲပါဘူး အရှင့်သား။"

"မလုပ်ရဲရင် အဲဒီတောအုပ်ထဲကကိစ္စက ဖြစ်မလာဘူး။"

"နောက်ဘယ်တော့မှ ထပ်မဖြစ်စေရပါဘူး။"

"အေး၊ ဘယ်တော့မှထပ်မဖြစ်ရဘူးလို့ ငါအာမခံတယ်။ Lord Masters လာတဲ့အခါ သူ့သမီးအတွက် ကိုယ်ရံတော်လဲဖို့ကိစ္စ ငါတစ်ခါတည်းစီစဉ်ပြီးပြီ။"

ထိုစကားအား Castiel မည်သို့တုံ့ပြန်မည်ကို Dean အကဲခတ်နေသော်လည်း Castiel ၏အမူအရာတို့က မည်သို့မှမထူးခြားသည့်အတွက် Dean ပြုံးမိ၏။

"Lord Masters ကိုတော့ မင်းကိုယ်တိုင်ပဲ အကြောင်းစုံသေချာရှင်းပြပါ။ ပြီးတော့ ..."

"Sam!"

စကားဆက်မည့် Sam ကို Dean က တားလိုက်ပြီးနောက်

"မင်းပြောချင်တာလည်း ပြောလိုက်ရပြီမဟုတ်လား။ စိတ်လျှော့ပြီး အဆောင်ပြန်နားတော့။ ငါ သူ့ကိုပြောစရာရှိသေးတယ်။"

မကျေမနပ်နှင့် Sam က Dean ကို ကြည့်လိုက်ပြီးမှ ထွက်သွားလေသည်။
ထိုအခါမှ အိမ်ရှေ့စံက

"ဒီကိစ္စကို သူ့အဖေလာတော့မှပဲ Meg သိပါစေ။ မင်း ပြောပြစရာမလိုဘူး။"

"မှန်လှပါ အရှင့်သား။"

သခင်မလေးကို သိပ်ချစ်ပါသည်ဆိုသည့် Castiel သည် ဝေးရမည့်အရေးကို မတုန်လှုပ်ရုံသာမက အနည်းငယ်ပင် စိတ်ပေါ့ပါးသွားသယောင်ရှိသည်ဟု Dean ထင်မိသောကြောင့်

"ကိုယ်ရံတော်အနေနဲ့ ဘယ်သူရောက်လာမယ်လို့ မင်းထင်လဲ။"

ထင်မှတ်မထားသည့်မေးခွန်းကြောင့် Castiel ကြောင်အစွာနှင့် Dean ကိုကြည့်မိသည့်အခါ အဖြေစောင့်နေသည့်အကြည့်တို့ကိုသာ တွေ့ရလေသည်။

Fall for His MajestyWhere stories live. Discover now