Episode 19

26 6 0
                                    

1).

နယ်စားမင်း Masters ၏အိမ်တော်ကို မြို့စား Roman တို့ စတင်တိုက်ခိုက်ကြသည့် ပထမဆုံးတစ်ညတွင် သခင်မလေး Meg ကိုမဟုတ်ဘဲ လူမှားဖမ်းသည့်အပြင် ဖမ်းသည့်လူများမှာ အလောင်းသာကျန်သည်ကို Dick Roman လက်မခံနိုင်ဖြစ်နေသည်။

"လူအင်အားထပ်ဖြည့်ပြီး ရအောင်ရှာကြ။ မြို့တော်ဘက်သွားတဲ့လမ်းတွေကို ခွေးတိုးပေါက်မကျန်ပိတ်ထားဖို့ အဲဒီဘက်ကအဖွဲ့ကို အခုချက်ချင်းအကြောင်းကြား။"

ထိုနည်းတူ ဖောက်ခွဲရေးဘက်တွင်လည်း အိမ်တော်တွင်းသို့မရောက်ပါဘဲ အပြင်ဘက်တွင်ပင်ပေါက်ကွဲသည့်အတွက် ထိုကိစ္စကိုတာဝန်ယူထားသည့် သူဌေးမင်း Asmodeus ဒေါသထွက်နေလေသည်။

"မင်းတို့ဆင်ထားတာကို သူတို့သိသွားပြီး ဖြတ်ချလိုက်တယ်။ သူတို့ဖြတ်ချထားတာကို မင်းတို့ကမသိဘူး။ အခု မီးကလှိုက်လောင်နေသလို မီးခိုးငွေ့တွေအူနေတာကရော ဘာလဲ။ လောင်စာတွေများတဲ့ဘက်လို့ ငါ့လာမပြောနဲ့။"

"လယ်အတွက်မြေဩဇာစပ်ဖို့ထားတဲ့ ဖွဲအိတ်တွေပါ သခင်ကြီး။"

"တောက်"

အိမ်တော်ကိုစောင့်ကြည့်ကာ နယ်စားမင်းကိုလုပ်ကြံမည့်အဖွဲ့သည်လည်း အိမ်တော်အတွင်း ရဲမက်များပြည့်နေ၍ အခွင့်မသာသည့်အပြင် နယ်စားမင်း၏တည်နေရာကိုပါ ရှာမရသည့်အတွက် အခက်အခဲဖြစ်နေကြ၏။

"အပြင်ဘက်က စောင့်ကြည့်အဖွဲ့ဆီ အတည်ပြု။ အထဲမှာရှိတာသေချာရင် ဖြစ်နိုင်ချေအရှိဆုံးနေရာကို အဆုံးအထိဖြိုချပါ။ ထပ်မှာမယ်။ လုပ်ပြီးချက်ချင်းဆုတ်၊ ပြီးမှ အောင်မြင်သလားအတည်ပြု။ ငါကတော့ ဖြစ်နိုင်ရင် မိသွားမှသတ်သေတာ မလိုချင်ဘူး။ သူတို့လက်ထဲ သက်သေဖြစ်မှာဆိုရင် အလောင်းတောင်မချန်ချင်ဘူး။ ရှင်းလား။"

"အမိန့်အတိုင်းပါ မြို့စား။"

ပူးပေါင်းပါဝင်သူ မြို့စား Zachariah မှာလည်း အလျင်စလိုဆုံးဖြတ်၍ အပြီးသတ်ရန်ကြိုးစားရတော့သည်။

နောက်ဆုံးတွင် နယ်စားမင်းရှိမည်ဟုယူဆသည့် လက်နက်တိုက်ကိုဖောက်ခွဲလိုက်သည့်အခါ Inias အပါအဝင် ရဲမက်များမှာ ရုတ်ရုတ်သဲသဲဖြစ်သွားပြီး လူတစ်ဦးကိုဆွဲထုတ်လာကြကာ အလျင်စလိုဖြစ်နေကြသည်ကို စောင့်ကြည့်နေသူနှစ်ဦးအနက် တစ်ဦးကလှည့်ထွက်သွားပြီး ကျန်တစ်ဦးက နေရာပြောင်းကာ အခြားနေရာတစ်ခုမှ ဆက်လက်ချောင်းမြောင်းနေလေသည်။

Fall for His MajestyUnde poveștirile trăiesc. Descoperă acum