Episode 34

37 8 0
                                    

1)

Castiel သခင်မလေးဆက်ပြောမည့်စကားများကို မကြားဝံ့သောကြောင့် သခင်မလေးရှိနေသည့်နေရာမှ ထွက်ပြေးခဲ့သော်လည်း သခင်မလေးက မိမိထွက်ပြေးသွားသည်ကို သိသွားပြီး အနောက်မှလိုက်လာသည်။ မျက်ခြည်ပြတ်သွားစေရန်ရည်ရွယ်ကာ တောအုပ်ထဲသို့ဝင်ပြေးလာခဲ့သော်လည်း တောအုပ်ထဲအထိလိုက်လာပြီး

"Castiel ..... ရှင်ရှိနေတာ ကျွန်မသိတယ် ..... ရှင်ကျွန်မကို အသက်ရှင်ရက် ထပ်မြင်ချင်သေးတယ်ဆိုရင် အခုချက်ချင်းထွက်လာခဲ့"

ဟု ခြိမ်းခြောက်စကားဆိုနေပြန်သည်။ သခင်မလေးက ပြောလျှင်ပြောသလိုလုပ်လေ့ရှိသည်ကိုသိသောကြောင့် ပုန်းအောင်းနေရာမှထွက်လိုက်ရန် စိတ်ကူးမိသော်လည်း သခင်မလေး၏နှုတ်မှထွက်လာမည့်စကားများကို နားထောင်ရန် အင်အားမရှိ။ သခင်မလေးကမူ မိမိဤသို့အကြပ်ရိုက်နေသည်ကို သိဟန်မတူ။

"Castiel ..... ကျွန်မ သုံးအထိရေပြီးလို့မှ ရှင်ထွက်မလာရင် ကျွန်မတို့ နောက်ဘဝမှတွေ့ဆုံကြတာပေါ့"

ဟု ပြောသည်။ ထို့ကြောင့် သက်ပြင်းရှည်ကြီးကိုချလိုက်ပြီး ပုန်းအောင်းနေသည့်သစ်ပင်ကြီးအနောက်မှ ထွက်လိုက်ကာ မိမိအားကျောခိုင်းထားသည့် သခင်မလေးကို

"သခင်မလေး"

ဟု ခေါ်လိုက်သည်။ ဤသို့ခေါ်လိုက်သည်နှင့် သခင်မလေးက မိမိဘက်သို့လှည့်ကြည့်သည်။ ထို့နောက်

"Castiel"

ဟု ခေါ်ကာ လက်ထဲမှဓားကိုပစ်ချပြီး မိမိထံသို့ ပြေးလာသည်။

2)

Sam တစ်ယောက် Adam က တဂျီဂျီလုပ်နေသောကြောင့် ယနေ့မနက်မှ Adam ထံသို့သွားကာ Adam ၏ ဆန္ဒအတိုင်း ဘောလုံးကန်ရန် တောအုပ်ဆီသို့ အခြွေအရံများနှင့် ထွက်လာခဲ့လိုက်သည်။ ဘောလုံးကန်ရန်အစပျိုးသူမှာ Adam ပင် ဖြစ်သော်လည်း တကယ်တမ်းကန်ရသူမှာ မိမိဖြစ်သည်။ ထို့ကြောင့် တစ်မနက်လုံး Adam က ဂိုးဖမ်းလိုက် မိမိကဘောလုံးကန်လိုက်နှင့် နှစ်ယောက်သား သံသရာလည်နေကြသည်။

ထိုစဉ် တောအုပ်ရှိရာဆီသို့ပြေးလာသော Meg နှင့် Castiel ကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။ ယခင်တစ်ခေါက်ကကဲ့သို့ ပိုးစုန်းကြူးလိုက်ဖမ်းနေကြခြင်းလောဟု တွေးမိသော်လည်း မနက်ခင်းတွင် မည်သည့်ပိုးစုန်းကြူးမှမထွက်သလို Castiel ၏ ပုံစံက တစ်စုံတစ်ရာထံမှ လွတ်မြောက်အောင်ထွက်ပြေးနေဟန်တူသောကြောင့် စိတ်ဝင်စားသွားမိသည်။ ဤအခြေအနေကို စိတ်ဝင်စား၍ စပ်စုရန်ဟန်ပြင်နေစဉ်မှာပင် Meg က ရောက်လာပြန်သည်။ တောအုပ်အတွင်း၌ရှိနေသော မိမိတို့အဖွဲ့ကို မြင်ဟန်မတူဘဲ Castiel အနောက်သို့ ပြေးလိုက်သွားသဖြင့် ယခင်ကတည်းက မိမိ၏စိတ်ထဲတွင်ရှိနေသောသံသယက ပြန်လည်၍နိုးထလာသည်။ ထို့ကြောင့် ဘောလုံးကန်ခြင်းကိုခေတ္တရပ်နား၍ တောအုပ်အတွင်းပိုင်းသို့ ဝင်လာခဲ့လိုက်သည်။

Fall for His MajestyDove le storie prendono vita. Scoprilo ora