Episode 18

32 7 0
                                    

1)

ယောက်ျားလေးတန်မဲ့ စွာစိလန်ကာ မိန်းကလေးနှင့်အပြိုင် ရန်ထောင်နေသူနှင့် အတူပါလာသူက Balthazar ၏ အသိမိတ်ဆွေဖြစ်နေသောကြောင့် Meg ထိုလူနှင့် စကားဖက်ပြောမနေတော့ဘဲ Balthazar ၏ အနောက်တွင်သာ ရပ်နေလိုက်သည် ။ Balthazar ကသာ ထိုလူအား

" မင်းဒီမှာဘာလုပ်နေတာလဲ Benny ... သူကရော ဘယ်သူလဲ ကိုယ်ရံတော်အသစ်လား "

ဟု မေးသည် ။ ထိုလူကလည်း မိမိကိုပင်ဂရုမစိုက်တော့ဘဲ Balthazar ကို

" အာ ... ငါလား ... ငါက အရှင့်သားကခိုင်းလိုက်တဲ့ကိစ္စရှိလို့ ထွက်လာတာ ... မင်းကရော "

ဟု ပြောသည် ။ ထိုလူက အရှင့်သားဟူသောစကားကို ပြောလိုက်သောကြောင့် စိတ်ဝင်စားသွားကာ Balthazar ကို ကြည့်လိုက်သည် ။ Balthazar က အလိုက်တသိဖြင့်

" သူက အိမ်ရှေ့စံရဲ့ကိုယ်ရံတော်လေ Benny တဲ့ "

ဟု မိမိနှင့်ထိုလူ့ကို မိတ်ဆက်ပေးသည် ။ ထို့နောက် Balthazar က ဆက်၍

" ဒါဆို ... ငါတို့သွားစရာရှိသေးလို့ သွားလိုက်ဦးမယ် "

ဟု ထိုလူ့ကိုနှုတ်ဆက်သည် ။ ထိုလူက ခေါင်းညိတ်ပြသဖြင့် Balthazar နှင့်အတူ ဆိုင်ထဲမှ ပြန်ထွက်လာခဲ့လိုက်သည် ။ 

2)

Dean ယောက်ျားလေးဟန်ဆောင်ထားသော မိန်းကလေးအား မည်မျှကြာအောင် ငေးကြည့်နေမိသည်မသိ ။ Benny က

" ကျွန်တော်မျိုးတို့လည်းပြန်ကြရအောင် "

ဟု ပြောသည်ကိုပင်မကြား ။ လက်မောင်းကို ခပ်ဖွဖွလှုပ်၍

" အရှင့်သား "

ဟု ခပ်အုပ်အုပ်ခေါ်သောအခါမှ သတိဝင်လာပြီး Benny ကို ပြုံးပြကာ မေးဆတ်ပြလိုက်သည် ။ Benny က 

" အရှင့်သားကိုယ်စား ကျွန်တော်မျိုးပဲရွေးလိုက်ပြီမို့လို့ ပြန်ကြရအောင် "

ဟု ပြောသောကြောင့် ခေါင်းညိတ်ကာ Benny နှင့်အတူ ဆိုင်ထဲမှ ထွက်လာခဲ့လိုက်သည် ။ ထိုစဉ် Benny က 

" စောစောကမိန်းကလေးကို အရှင့်သားကသဘောကျလို့လား "

ဟူသော မေးခွန်းကို အဆက်အစပ်မရှိထမေးသည် ။ ထို့ကြောင့် အူကြောင်ကြောင်နှင့် 

Fall for His MajestyWhere stories live. Discover now