Episode 08

44 5 0
                                    

1)

"မင်းသခင်မလေးကို အိမ်ရှေ့စံနဲ့လက်ထပ်ပေးဖို့ စီစဉ်ထားတယ်"

ဟူသော နယ်စားမင်း၏စကားကို Castiel တစ်ယောက် ယခုမှသိရဟန်ဆောင်ကာ နယ်စားမင်းအားကြည့်လိုက်မိသည်။ နယ်စားမင်းသည် အဝေးတစ်နေရာသို့ ခပ်ငေးငေးကြည့်ကာ

"မင်းလည်းသိတဲ့အတိုင်း ဒီဘက်ပိုင်းတွေမှာ အခြေအနေတွေကတည်ငြိမ်တာမဟုတ်ဘူး ... ငါ့ကို နည်းပေါင်းစုံနဲ့ဖြုတ်ချပြီး ဘုရင်ကိုပုန်ကန်ဖို့ စိတ်ကူးနေကြတဲ့လူတွေချည်းပဲ ... ဒီလိုစိတ်မချရတဲ့နေရာမျိုးမှာ သမီးလေးကိုရှိမနေစေချင်ဘူး"

ဟု ပြောသည်။ နယ်စားမင်း၏စိတ်ကိုသိသော်လည်း လွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်နေရသည်ကို ကြိုက်နှစ်သက်သော သခင်မလေးတစ်ယောက် နန်းတော်ထဲတွင် အူလည်လည်နှင့် စိတ်ညစ်နေရမည့်အရေးကိုတွေးမိကာ စိတ်မောရသည်။

သို့သော် ....
နယ်စားမင်းကို အထွန့်တက်၍မရသကဲ့သို့ တက်ရန်လည်းမဝံ့သောကြောင့်

"နယ်စားမင်းစကားကို သခင်မလေးကလက်ခံမှာပါ"

ဟု ပြောလိုက်သည်။

2)

"အရှင့်သား တကယ်ပဲ အနားယူဖို့စိတ်ကူးမရှိတော့ဘူးလား"

ဟူသောစကားကို Garth က ထပ်၍ပြောလာသဖြင့် Dean ဖတ်လက်စစာအုပ်ကိုပိတ်လိုက်ပြီး

"မင်းတို့ကိုအားကိုးလို့မရမှတော့ ကိုယ့်အားကိုယ်ကိုးရတော့မှာပေါ့"

ဟု ပြောကာ မတ်တပ်ထရပ်လိုက်သည်။ Garth သည် မိမိ၏လှုပ်ရှားမှုများကို မျက်တောင်မခတ်လိုက်ကြည့်နေပြီး မတ်တပ်ထရပ်လိုက်သောအခါမှ

"အခုကဘယ်ကိုပါလဲ အရှင့်သား"

ဟု မေးသည်။ ထို့ကြောင့် Garth ကို မျက်မှောင်ကြုတ်၍ကြည့်လိုက်ပြီး

"Charlie ဆီကို"

ဟု ပြောကာ အခန်းထဲမှထွက်လာခဲ့လိုက်သည်။ Garth ကလည်း

"ကျွန်တော်မျိုးလည်းလိုက်မယ်လေ"

ဟု ပြောကာ အနောက်မှလိုက်လာသဖြင့် Charlie ထံသို့ Garth ကိုပါခေါ်၍ ထွက်လာခဲ့လိုက်သည်။

Fall for His MajestyWhere stories live. Discover now