Episode 42

50 8 0
                                    

1).

လုပ်စရာအလုပ်များက ကျန်နေသေးသော်လည်း နယ်စားမင်းက

"အိမ်ရှေ့စံမင်းသားလိုအပ်တာတွေကိုပဲ သွားလုပ်ပေးလိုက်"

ဟု ပြောသဖြင့် Castiel တစ်ယောက် ပစ္စည်းသယ်သည့်လူများနှင့် အလုပ်ရှုပ်နေသော Dean အနားသို့ ထွက်လာခဲ့လိုက်သည်။ မိမိကိုမြင်သည်နှင့် Dean က ပြုံးပြကာ

"ညက အိပ်လို့ကောင်းရဲ့လား"

ဟု မေးသည်။ Dean ၏ စကားကြောင့် ညက အိပ်မက်ယောင်ကာ Dean အား အားရပါးရခွထားမိသည်ကို သတိရသွားသည်။ ထို့ကြောင့် ခေါင်းငုံ့လိုက်ပြီး

"ဟို .... ညကကိစ္စအတွက် တောင်းပန်ပါတယ် .... တမင်လုပ်တာမဟုတ်ပါဘူး"

ဟု ပြောလိုက်သည်။ ဤစကားအဆုံးတွင် Dean က လက်ပိုက်ကာ

"ဒီအတိုင်းတောင်းပန်လို့တော့ မရဘူးနော်"

ဟု ပြောသည်။ ယခုတလော Dean က စိတ်ကျေနပ်စေသည့်အရာတစ်ခုခုကိုလုပ်ပေးမှ တောင်းပန်သည်ကိုလက်ခံသည့်အကျင့် ဖြစ်နေသည်ကို သတိထားမိသောကြောင့် မိမိတွင် Dean ခွင့်လွှတ်နိုင်လောက်အောင် တောင်းပန်၍ရသောပစ္စည်း ရှိ၊ မရှိ အသည်းအသန်စဉ်းစားနေမိသည်။ Dean က မိမိစဉ်းစားနေသည်ကို ငြိမ်၍စောင့်နေပြီးမှ 

"ထားလိုက်တော့"

ဟု ပြောသည်။ ဤစကားသည် Dean စိတ်ဆိုးလျှင် သုံးနေကျဖြစ်သည့်စကားဖြစ်သောကြောင့် 

"အရမ်းလှတဲ့နေရာတစ်ခုကို လိုက်ပြမယ်လေ"

ဟု အသည်းအသန်ပြောလိုက်သည်။ 

2)

"ရှေ့နားမှာ အရမ်းလှတဲ့ငှက်တွေရှိတယ်"

ဟု ဆိုကာ အရှေ့မှဦးဆောင်၍လျှောက်သွားသော Castiel ၏ အနောက်သို့ လိုက်နေရသည်မှာ အချိန်အတော်ကြာပြီဖြစ်သောကြောင့် Dean စိတ်မရှည်နိုင်တော့။ ရောက်နေသည့်နေရာတွင် မတ်တပ်ရပ်ရင်းကပင်

"မင်းရဲ့ရှေ့နားဆိုတာကိုရောက်ဖို့ ဘယ်လောက်လျှောက်ရဦးမှာလဲ Cas ... တစ်မိုင်လား"

ဟု အော်လိုက်သည်။ ထိုအခါမှ Castiel က လှည့်ကြည့်လာပြီး

"ညောင်းနေပြီလား"

Fall for His MajestyWhere stories live. Discover now