Episode 02

113 13 0
                                    

1)

Dean လေ့ကျင့်ရေးကွင်းအတွင်း၌ Charlie တို့နှင့်အတူရှိနေစဉ် ခမည်းတော်၏လက်ထောက်ဖြစ်သူ Gabriel က ရောက်လာပြီး ခမည်းတော်က တွေ့ရန်ခေါ်ကြောင်းပြောလာသဖြင့် ခမည်းတော်ရှိနေသော စာကြည့်ဆောင်သို့ ရောက်လာခဲ့ရသည်။ စာကြည့်စားပွဲတွင်ထိုင်နေသော ဖခင်ဖြစ်သူက မိမိကိုမြင်သည်နှင့်

"ထိုင်ဦး အိမ်ရှေ့စံ"

ဟု ပြောသဖြင့် ဖခင်ဖြစ်သူနှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ ထိုအခါမှ ဖခင်ဖြစ်သူက

"အရင်ရက်က ကိုယ်တော်ပြောထားတဲ့လက်ထပ်ဖို့ကိစ္စကို အိမ်ရှေ့စံစဉ်းစားပြီးပြီလား"

ဟု မေးသည်။ ဖခင်ဖြစ်သူက မိမိအား လက်ထပ်ကာ ထီးနန်းအရိုက်အရာကို ဆက်ခံစေလိုနေသော်လည်း မိမိကမူ ထိုသို့မလုပ်လိုပေ။ Charlie, Sam တို့နှင့်အတူ လွတ်လွတ်လပ်လပ်နေလိုသေးသည်။

သို့သော် ....

ငယ်စဉ်ကတည်းက ယခုအချိန်အထိ ဖခင်ဖြစ်သူ၏ဆန္ဒကို တစ်ကြိမ်တစ်ခါမျှ မငြင်းဆန်ခဲ့ဖူးသောကြောင့် ယခုလည်း ဖခင်ဖြစ်သူကို အထွေအထူးပြောမနေတော့ဘဲ ခေါင်းညိတ်၍

"ခမည်းတော်က ကောင်းစေချင်လို့စီစဉ်တာကို ကျွန်တော်မျိုးမငြင်းပါဘူး"

ဟု ပြောလိုက်သည်။ မိမိစကားအဆုံးတွင် ဖခင်ဖြစ်သူက ခေါင်းညိတ်၍

"ဒါဆို သိပ်မကြာခင် ကြင်ယာတော်နဲ့တွေ့ဖို့စီစဉ်လိုက်မယ် ... အိမ်ရှေ့စံလည်း ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားလိုက်ဦး"

ဟု ပြောသည်။ ထို့ကြောင့်

"မှန်လှပါ ခမည်းတော်"

ဟု ပြန်ပြောလိုက်သည်။

2)

Sam ၏

"Dean ... တကယ်လို့ မင်း တစ်ယောက်တည်းနဲ့ပဲလက်ထပ်ရမယ်ဆိုရင် Meg နဲ့ Lisa ဆို မင်းဘယ်သူ့ကိုပိုသဘောကျလဲ ... ဘယ်သူနဲ့လက်ထပ်ဖို့စိတ်ကူးထားလဲ"

Fall for His MajestyWhere stories live. Discover now