Part 1

8.4K 367 24
                                    

New York City

ကျယ်ပြန့်လွန်းနေသည့် လမ်းမကြီးထက်မှာ အနက်ရောင် ကားတစ်စီးက အလျင်စလို မောင်းနှင်နေ၏။

အနောက်ဘက်မှ ကားအနက်သုံးစီး တစ်ပြိုင်တည်း လိုက်လာသည်မို့ အလျင်လိုနေရခြင်း ဖြစ်သည်။

"အစ်ကိုကြီး Jk ကျွန်တော်တို့ ဝိုင်းခံထားရပြီ အနောက်မှာ သုံးစီးပါလာတယ် အရှေ့ဘက်မှာ နှစ်စီးရှိတယ်လို့ Lucas က လှမ်းပြောတယ်"

ကားမောင်းနေသည့် Jack က နားကြပ်ကို ဖြုတ်ရင်း မှုန်ကုပ်ကုပ်ဖြင့် ပြောသည်။

"ဘေးဖယ်လိုက် "

ဘေးတစ်ဘက်မှ Jack က ကားစတီယာရင်ကို ထိန်းကိုင်ထားပြီး လီဗာကိုလည်း ဖိနင်းထားသည်။

မျက်ဝန်းတွေကို ဖုံးအုပ်ထားသည့် အနက်ရောင် ပုဝါစကို ဖယ်ထုတ်ပစ်လိုက်ချိန် မှုန်ဝါးဝါး မြင်ကွင်းက ကျွန်တော့် အရှေ့ရောက်ချလာ၏။

Jack က ကိုယ်ကို အနည်းငယ်ကြွတက်လာချိန် သူ့ဘက်ကို အလျင်အမြန် ပြောင်းရွှေ့သွားလိုက်သည်။

စတီယာရင်ကို ထိန်းကိုင်မိချိန် Jake က တစ်ဘက် ခုံပေါ် ရွှေ့သွားပြီ။ လီဗာကို ဖိနင်းထားရင်း မောင်းသူနေရာမှာ ကျွန်တော် နေရာယူထားလိုက်သည်။

New York က လူသိပ်ရှုပ်ပြီး လမ်းကြားတွေကအစ ခပ်ရှုပ်ရှုပ်ရယ် . .

နားကြပ်ကို တပ်ထားလိုက်ရင်း တစ်ဘက်မှ Lucas ကို လှမ်းပြောလိုက်သည်။

"ဘယ်လမ်းက ထွက်ရ အလွယ်ဆုံးလဲ ငါ့ကို ပြော"

"၂၂ လမ်းကို ချိုးဝင်လိုက်ရင် တစ်စီးနဲ့ပဲ တွေ့ရမှာ "

"ကောင်းပြီ "

လီဗာကို မြှင့်လိုက်ကာ အရှိန်တင်လိုက်သည်။ အနောက်ဘက်မှ ကားတွေကို မျက်ခြေဖျက်နိုင်ဖို့ ကြိုးစားရင်း ၂၂ လမ်းထဲ ချိုးဝင်ခဲ့လိုက်သည်။

"Jack တစ်ကောင်မှ အရှင်မထားနဲ့ "

ကျည်ကာ ဖြစ်သည့် ကားအနက်ရဲ့ မှန်တံခါးတွေကို ဖွင့်ချလိုက်ရင်း ၂၂ လမ်း လမ်းမကြီး၏ လမ်းကြားတစ်ခုမှ ထွက်လာသည့် Demon တွေရဲ့ ကားကို ပစ်ဖို့ အမိန့်ပေးလိုက်သည်။

Keep Your Eyes On Me [Completed]Where stories live. Discover now