Part 12

1.1K 162 13
                                    

အခုဆို Taehyung နဲ့ Jungkook က တစ်အိမ်တည်း အတူနေကြပြီး သူစိမ်းသာသာရယ်

ကျောင်းအတူသွားသည့်ကိစ္စ၊ အတူပြန်လာသည့် ကိစ္စတွေဆိုတာက မမြင်ရတော့သည်မှာ သိပ်ကို ကြာနေခဲ့ပြီ။

စာအတူတူမလုပ်ကြတော့ဘဲ မဖြစ်မနေ အတူစားရသည့် မနက်စာနဲ့ ညစာကြောင့်သာ နှစ်ယောက်သား မျက်နှာချင်းဆိုင် ဖြစ်နေရ၏။

မေမေလေးက ကလေးတွေကိစ္စကို သူတို့ အဖေနဲ့ ဆွေးနွေးပြီး အကဲခတ်သည်။

ဒီနေ့မနက်တော့ အကြီးဖြစ်သူ Taehyung ကို ခေါ်ကာ အကြောင်းအရာကို အဖြေရှာတော့သည်။

"Taehyung နဲ့ Jungkook ဘယ်လိုဖြစ်ကြတာလဲ... အရင်ကဆိုရင် သိပ်ခင်ကြတယ်လေ ဘယ်သွားသွားနှစ်ယောက်အတူ မဟုတ်လား"

မေမေလေးက ရိပ်မိနေကြောင်း Taehyung သိထားသည်။

အခုလို အတည်တကျ မေးမြန်းလာတော့လည်း သူ့အတွက် ဖြေစရာ အဖြေက ခပ်ရှင်းရှင်းရယ်

"ကျွန်တော် ဂါရမ်ဆိုတဲ့ ကောင်မလေးနဲ့ တွဲနေတာ လအနည်းငယ် ရှိပါပြီ။ Jungkook လေးက မကြိုက်လို့ ဖျက်ဖို့ ပြောခဲ့ပေမယ့် ဆက်ပြီး တွဲနေတာမို့..."

"အင်း အဖေ သိပြီ"

လူကြီးတွေပီပီ ဒီအခြေအနေကို နားလည်လိုက်ကြသည်။

"လအနည်းငယ်ဆိုတော့ မင်းက ရက်အတိအကျမှတ်မထားဘူးလား။ မိန်းကလေးတစ်ယောက်နဲ့ တွဲနေပြီး ဒီလောက်လေးတောင် မှတ်မထားနိုင်တာ ဘယ်လို ချစ်သူမျိုးလဲ တကယ်မချစ်ရင် ဖျက်ရမယ် မဟုတ်လား။ အခုတော့ ညီအစ်ကိုတွေ အချင်းများရတယ်"

အဖေ့စကားကြားတော့ သူ့မှာ စဉ်းစားရခက်ချေပြီ။

လအနည်းငယ်ဆိုသည့် ကိစ္စကို သူတကယ် သတိမထားမိလိုက်တာဖြစ်၏။

လက်ချောင်းတွေကို ချိုးကာ ရေတွက်သည့် အလုပ်ကို သူစတင်ရသည်။

သူတို့ စ‌တွဲတုန်းက Jungkook မွေးနေ့ September မှာမို့ အခု February အထိဆိုရင် ၆ လလောက်တော့ ရှိမည်။

ခက်တာက တွဲလာသည့် သက်တမ်းမဟုတ်

အဖေပြောလိုက်သည့် တကယ်မချစ်ရင် ဆိုသည့် စကားက အခန်းထဲမှာ နှဖူးပေါ်လက်တင်ပြီး စဉ်းစားရသည်အထိ ဖြစ်လာပြီ။

Keep Your Eyes On Me [Completed]Where stories live. Discover now