Final

3K 185 96
                                    

Julian ကြိုးမိန့်ပေးခံခဲ့ရတာ အခုဆို တစ်ပတ်ပြည့်ပြီ ဖြစ်သည်။

Taehyung calendar ကို ကြည့်မိရင်း မျက်နှာက ပူဆွေးနေမိသည်။

Jungkook တို့ သုံးယောက်ကို ဒီရက်ထဲ အလုပ်များနေအောင် သူပဲ ကြိုးစားခဲ့ရသည်။

ဘူဆန်မှ ငယ်ငယ်က နေခဲ့သည့် အိမ်အဟောင်းလေးကို ဈေးကောင်းပေးကာ ပြန်ဝယ်ဖို့ သူတို့ကိုပဲ စေခိုင်းခဲ့ရ၏။

မကြာခင်ဆို သူတို့ ပြန်ရောက်ကြတော့မည်။

Jungkook နဲ့ အတူ ငှားနေသည့် အိမ်လေးထဲမှာ သူတို့အတွက် နေ့လည်စာ စီစဉ်ပေးနေရင်း ကျွန်တော့်မှာ အတွေးများနေရသည်။

Julian အကြောင်း မေးလာခဲ့ရင် ဘယ်လို‌ဖြေရပါ့မလဲ။ သူတို့က‌ တွေ့ချင်လို့ ထောင်ကို သွားရင် ဘယ်လိုလုပ်ရပါ့မလဲ...

၂ နာရီကျော်ဆိုသည့် အချိန်က သိပ်မြန်သည်။ အိမ်ရှေ့မှ ဘဲလ်သံကြားရပြီး ဆူဆူညံညံ အဲ့ကလေးတစ်သိုက်ရဲ့ အသံတွေ ကြားရတော့သည်။

"ဟား... တစ်လမ်းလုံး ငါပဲ ကားမောင်းခဲ့ရတာ ခြေထောက်တွေ ညောင်းနေရောပဲ"

Lucas က ဆိုဖာပေါ် ခြေပစ်လက်ပစ် ထိုင်ချကာ ညည်းတွားနေတော့ Jack က သူ့ ခြေထောက်ကို ယူကာ နှိပ်ပေးသည်။

"ဟာ ဟေ့ကောင်... မင်းအားကြီးနဲ့ နှိပ်တာ နာတယ်။ ပြီးရင် relax သွားပြီး ကောင်မလေးတွေ နှိပ်တာပဲ သွားခံမယ်"

"မင်း ပါးစပ်ကို ပိတ်ပြီး ငါနှိပ်ပေးတာပဲ ငြိမ်ခံစမ်းပါ။ အနှိပ်ခံမှာ မဟုတ်ဘဲ ကောင်မလေးတွေကို သွားကြောင်မှာကို မသိဘူးများ မှတ်နေလား Lucas ရဲ့"

Jack က စိတ်ဆိုးမာန်ဆိုး ပြောရင်း ခြေထောက်ကို အားထည့်ကာ ဖိနှိပ်ပစ်တော့သည်။

Lucas က သူ့ကျောကို တဘုန်းဘုန်း ထုရိုက်ရင်း Jack ရဲ့ ကျောပြင်ကို ကုန်းကိုက်တော့သည်။

"ငါ့ ခြေထောက် နာနေပါတယ်ဆိုမှ အသေချိုးပစ်ရလား ခွေးကောင်ရဲ့"

ဒီကို ပြန်ရောက်ရောက်ချင်း ကြည်စယ် နောက်ပြောင်နေကြသည့် သူတို့ကြောင့် ခေါင်းခါလျက် ကျွန်တော် ပြုံးလိုက်မိသည်။

Keep Your Eyes On Me [Completed]Where stories live. Discover now