လွန်ခဲ့သော ၁၀ နှစ်...
ယနေ့မှ မိုးက အုံ့မှိုင်းနေပြီး ကောင်းကင်ကြီးကလည်း ထိုင်းမှိုင်းနေတော့၏။
မိုးစက် တဖြောက်ဖြောက်က တဖွဲဖွဲကျနေပြီး ယနေ့တော့ မိုးေစွမည့်ပုံပေါ်ပါသည်။
အိမ်ပြောင်းကားပေါ်မှ Taehyung အပြင်ဘက်ကို ကြည့်လိုက်ရင်း မိုးစက် တစ်ဖြောက် နှစ်ဖြောက်ကြောင့် နှာခေါင်းရှုံ့လိုက်မိသည်။
မိုးက မရွာလျှင်လည်း မရွာနဲ့၊ ရွာလျှင်လည်း သည်းကြီးမည်းကြီး ရွာချပြီး တိတ်သွားတာကိုသာ သူက သဘောကျ၏။
အခုလို တစ်ဖြောက်နှစ်ဖြောက်ဖြင့် အကြာကြီး ရွာနေမည့် မိုးကို သူက သိပ်မုန်းပါ၏။
အပေါ်ထပ် အနွေးထည်လေးကို ကျစ်ကျစ်ဆုပ်ကိုင်ထားရင်း မကြာခင် ကားပေါ်မှ ဆင်းရရင် ထိတေွ့ရမည့် မိုးစက်တဖွဲဖွဲ့ကြောင့် စိတ်ညစ်နေရသည်။
ဘူဆန် ပင်လယ်ကြီးကို မြင်နေရပြီး အုံ့မှိုင်းမှိုင်း မိုးတိမ်တွေအောက်မှာ ပင်လယ်ပြင်ပေါ် မိုးစက် တဖွဲဖွဲကျနေ၏။
တောင်ကုန်းမြင့်ပေါ်မှ အိမ်အဖြူလေးဆီ ရောက်တော့ ကားက ရပ်တန့်သွားသည်။
အဖေက ဆင်းသွားပေမယ့် Taehyung က ငြိမ်ငြိမ်ကလေး ထိုင်နေဆဲ
"အဲ့မှာ မဆင်းဘဲ ဘာလုပ်နေတာလဲ"
အဖေက ကားပေါ်မှ မဆင်းသည့် ကျွန်တော့်ကို တစ်ချက် ဆူငေါက်သည်။
မကြာခင် ဖိနပ်အဖြူလေးက မိုးစက်တဖွဲဖွဲတွေကြား၊ ရွှံ့နွံတွေကြား နစ်မြုပ်ရတော့မည်မို့ ကျွန်တော့်မျက်နှာက ရှုံ့တွနေရတော့သည်။
အဖေက ပစ္စည်းတွေ ချနေသည်ကြောင့် ကျွန်တော်လည်း ခပ်သုတ်သုတ်ဆင်းရသည်။
ခေါင်းစွပ်အနွေးထည်ရဲ့ ခေါင်းဆောင်းကို ဆောင်းထားရင်း တုန်ချိစွာ ကားပေါ်မှ ဆင်းရတော့သည်။
ရွှံ့ဗွက်အိုင်တွေထဲများ ဖိနပ်ကလေး ရောက်သွားရင် ကျွန်တော့်မှာ အသစ်စက်စက် ဖိနပ်ကလေးအတွက် နှမြောတသ ဖြစ်ရသည်။
ပစ္စည်းတွေကို အဖေရယ်၊ အလုပ်သမားတေွနဲ့ အတူ သယ်ချရင်း အလုပ်ရှုပ်ရတော့သည်။