အခုဆို Taehyung တာဝန်ကာလလည်း ပြီးဆုံးပြီမို့ Istanbul ကနေ ပြန်လာရပြီ ဖြစ်သည်။
Jungkook သတင်းတေွ စုံစမ်းရင်း ဟိုဘက်မှာ ဆက်နေချင်သေးပေမယ့် အမိန့်အရ ပြန်လာဖို့ ပြောတော့ သူလည်း လက်ခံရသည်။
Korea ကို ပြန်ရောက်တော့ သူစိတ်တစ်ခုလုံးက Jungkook ဆီမှာသာ ရောက်နေတော့သည်။
သူ Jungkook ကို လွမ်းပြီး သတိလည်းရသည်။ Istanbul မှာ ပြန်တွေ့တော့ ဖုန်းနံပါတ်၊ လိပ်စာ ယူထားဖို့ကိုလည်း သူ မစွမ်းဆောင်နိုင်ခဲ့
တောင်းလျှင်လည်း အဲ့ဒီကလေးက သူဖြစ်နေလို့ ပေးမည့်ပုံ မပေါ်ပါဘူး။
Taehyung မနက်စာ စားနေချိန် သူ့ဖုန်းထဲကို message ဝင်လာ၏။ အဖေ့ဆီကမို့ ဝင်ဖတ်လိုက်ရသည်။
'ဒဏ်ရာရော သက်သာနေပြီလား... သခင်မလေး Nari အိမ်လာသွားတယ်။ သူ့ဖုန်းကို ကိုင်ပြီး စကားကောင်းကောင်း ပြန်ဖြေလိုက်ဦး'
အဖေ့ဆီက စာကိုဖတ်ပြီး Taehyung သက်ပြင်းသာချမိသည်။ သခင်မလေး Nari ဖုန်းဆက်နေတာကိုလည်း သိသည်။
ဒီအတိုင်း ပြန်မဖြေချင်တာမို့ မကိုင်ခဲ့ရုံသာ
အခုတော့ အဖေ့အမိန့်အတိုင်း သူ့ ဖုန်းကို ကိုင်ရတော့မည် ထင်ပါ၏။
"ဒုတပ်မှူး... ဧည့်သည်ရောက်နေပါတယ်"
တပ်သားတစ်ယောက် ရောက်လာပြီး ပြောသည်မို့ မနက်စာ စားလက်စကို ထားခဲ့လိုက်ရင်း ဧည့်တွေ့ခန်းကို သွားရသည်။
ပုံမှန်အားဖြင့် ကျွန်တော့်ဆီကို အဖေတောင် မလာသည်မို့ ဧည့်သည်ဆိုတာမျိုး မရှိပါဘူး။
ဧည့်တွေ့ခန်းမှာ စောင့်နေသည့် သခင်မလေး Nari ကို တေွ့လိုက်ရသည်။
"Taehyung "
Nari က သူ့ကိုတွေ့တော့ ဝမ်းသာအားရ နှုတ်ဆက်လာ၏။ Taehyung က သူ့ရဲ့ ပုံသေ မျက်နှာသေတစ်ခုတည်းနဲ့သာ ခပ်တည်တည် ပြန်နှုတ်ဆက်လိုက်သည်။
"Istanbul မှာ ဒဏ်ရာရခဲ့တယ်လို့ သတင်းကြားတယ်။ Nari လာကြည့်ချင်ပေမယ့် အဖေရဲ့ ရွေးကောက်ပွဲကြောင့် မလာနိုင်ခဲ့ဘူး။ တောင်းပန်ပါတယ် Taehyung ရယ်"