New year ညတုန်းက အဖြစ်အပျက်က ကျွန်တော်တို့ကို ပိုပြီး အလှမ်းဝေးသွားစေသည်။
အခုတော့ ကျွန်တော်ကိုယ်တိုင်လည်း Jungkook လေးနဲ့ မျက်နှာချင်း မဆိုင်တော့ပါဘူး။
မဖြစ်သင့်သည့် ကိစ္စတစ်ခုကို အစပျိုးနေခဲ့ပြီးတာမို့ ရပ်တန့်နိုင်ရန် ဒီနည်းလမ်းတစ်ခုကိုသာ ကျွန်တော် တွေးမိပါ၏။
"အင်း ကိုယ်လည်း ချစ်တယ်"
ဂါရမ်နဲ့ ဖုန်းပြောနေရင်း Jungkook ရောက်လာလို့ ဒီစကားကို ခပ်ကျယ်ကျယ်နဲ့ ရယ်မောကာ ပြောလိုက်မိသည်။
သူ့ရဲ့ ပျက်ယွင်းသွားသည့် မျက်နှာထားကြောင့် စိတ်မကောင်းဖြစ်မိပေမယ့် ဒါက ကျွန်တော် လိုချင်သည့် ရလဒ်ရယ်...
အခုဆို ကျွန်တော်က အထက်တန်းနောက်ဆုံးနှစ်၊ Jungkook က ဒုတိယနှစ်...
စီနီယာကျောင်းသား ကျွန်တော့်အတွက် စာလုပ်ဖို့ကိစ္စရပ်က သိပ်အရေးကြီးလွန်းသည်မို့ အချိန်အတော်များများကို စာကြည့်တိုက်မှာ သုံးလိုက်သည်။
တကယ်ဆိုရင် အိမ်ကို မပြန်ချင်တာပါဟု အကြောင်းပြချက် မပေးချင်တာမျိုး ဖြစ်နိုင်ပါ၏။
Jungkook ရဲ့ ကြင်ကြင်နာနာအကြည့်တွေ၊ နွေးထွေးတဲ့ မေတ္တာတွေ၊ ကိုကို ဆိုသည့် သူ့ခေါ်သံတွေနဲ့ ဝေးရာက စိတ်ငြိမ်သည့် စာကြည့်တိုက် တစ်ခုတည်းဖြစ်သည်။
စာကြည့်တိုက်က ပြန်လာတော့ လမ်းမှာ Jungkook နဲ့ တိုးသည်။ ကျွန်တော့်ကို တွေ့တော့ ခပ်ဆွေးဆွေးကြည့်လာရင်း ပြုံးပြ၏။
မျက်လုံးစည်းတွေ မပါသည်မို့ မှေးမှိန်နေသည့် သူ့မျက်ဝန်းရဲရဲတွေကို ဒီအတိုင်း မြင်နေရသည်။
အဲ့ဒီညကို ဖြတ်သန်းပြီးကတည်းက သူ့မျက်ဝန်းတွေ အရောင်မှိန်သွားပြီး သူ့မျက်နှာလေးက ညှိုးကျနေခဲ့တာ...
နွေဦးရောက်ပြီမို့ တစ်ချို့နေရာမှာ ချယ်ရီတွေ ပွင့်နေကြပြီ။ နေရောင် ခပ်ဖျော့ဖျော့ရယ်၊ လေပြေတွေနဲ့ မလိုက်ဖက်လောက်အောင် သူ့ မျက်နှာလေးက မှေးမှိန်နေတော့သည်။
ပြုံးရယ်ပြလာသည့် သူ့ကို လျစ်လျူရှုကာ ကျော်သွားတော့ ကျွန်တော့်လက်ကို ဆွဲလာသည်။