Part 2

2.2K 230 13
                                    

Taehyung.. hotel ကို ပြန်ရောက်ပြီးနောက် ဝရံတာမှာ brandy တစ်ခွက်ကိုင်ပြီး သူ တွေ့ခဲ့သည့် ကောင်လေးအကြောင်း စဉ်းစားနေ၏။

၇ နှစ်တာ ပျောက်ဆုံးခဲ့ပြီးမှ ပြန်တွေ့ရသည်။

သို့သော် Jungkook မဟုတ်ပါဘူးလို့ ငြင်းဆန်သွားသည့်၊ ညီငယ်လေးနဲ့ တစ်ထပ်တည်းတူနေသည့် ဒီကောင်လေးကို အများကြီး သံသယစိတ်ဝင်မိသည်။

"တစ်ယောက်တည်း သောက်နေပြန်ပြီလား"

အခန်းတံခါးကို ပိတ်ထားပေမယ့် အနောက်ဘက်မှ ကြားရသည့် သခင်မလေး Nari အသံကြောင့် ကိုင်ထားသည့် Brandy  ခွက်ကို ခပ်သုတ်သုတ်လေး ချလိုက်ရင်း ဘေးကို အပြေးသွားရသည်။

ကိုယ်ကို မတ်ထားရင်း အေးစက်စက်လေသံဖြင့် ပြန်ဖြေမိသည်။

"တာဝန်ချိန်ပေမယ့် သခင်မလေး အိပ်နေပြီထင်တာကြောင့် သောက်မိတာပါ ကျွန်တော် တောင်းပန်ပါတယ်"

"အကယ်၍ Nari အိပ်နေချိန် တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ Taehyung က ဒီတစ်ခေါက် ခရီးစဉ်အတွက် ခေါင်းဆောင်လေ. . တို့ကို သေချာ စောင့်ရှောက်ရမှာပေါ့"

ပြန့်နေအောင် ခင်းထားသည့် ကျွန်တော့် ကုတင်ပေါ်မှာ ခြေချိတ်ထိုင်ရင်း ရယ်သံကလေးနှောကာ ပြောသည်။

"တစ်ခွက်တည်းမို့ မမူးပါဘူး မူးနေရင်တောင် သခင်မလေးကို အသက်ပေးပြီး စောင့်ရှောက်မှာပါ"

မျက်လွှာတွေကို ချထားရင်း ဒီစကားကို ပြောတော့ သူမက ထလာပြီး ရယ်နေတော့၏။

"Nari က နောက်နေတာပါ Taehyung က မျက်နှာသေနဲ့ အတည်ကြီး ပြောနေတော့တယ် အခု တစ်‌ခွက်လောက် အတူ သောက်မလား "

အနောက်ဘက်စားပွဲပေါ်မှာ တင်ထားသည့် Brandy ကို ယူဖို့ လက်လှမ်းနေပြီမို့ ကျွန်တော် အလျှင်အမြန်ပဲ သူမလက်ကို ဆွဲကာ တားလိုက်ရသည်။

"မနက် ၁ နာရီ ရှိပါပြီ ဒီလောက်နဲ့ အခန်းကို ပြန်ပြီး နားလိုက်ပါ ကျွန်တော် လိုက်ပို့ပါမယ်"

"နောက်တစ်ခါ တစ်ယောက်တည်း မသောက်ဘဲ Nari နဲ့အတူ သောက်မယ်လို့ ကတိပေးရင် အခန်းကို ပြန်မယ်"

Keep Your Eyes On Me [Completed]Where stories live. Discover now