Part 19

1.2K 168 37
                                    

မနက် ၂ နာရီ... ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်မည်းတိတ်ဆိတ်နေသော်လည်း Julian အခုထိ အိပ်မပျော်နိုင်သေး။

ဘေးနားမှာ အရက်ပုလင်းတွေ တန်းစီနေပြီး အလင်းရောင် မှိန်ပြပြသာ ထင်ဟပ်နေသည့် နံရံကို သူ့မှာ တွေဝေစွာ ငေးကြည့်နေမိသည်။

အခန်းတစ်ခုလုံးကလည်း သူ သောင်းကျန်းထားလို့ ပျက်စီးနေတော့သည်။ ကြွေပန်းအိုးတွေက ပဲ့ကြွေနေပြီး၊ ခုံတွေကလည်း ကျိုးပဲ့လျက်...

ရီဝေနေသည့် သူ့မျက်လုံးတွေက အနည်းငယ် မှေးစင်းလာပေမယ့် သူ လုံးဝ အိပ်မပျော်နိုင်။

သူ့ရင်ဘတ်တစ်ခုလုံးက ဓားနဲ့ မွှန်းခံထားရသလို တဆစ်ဆစ်နဲ့ နာကျင်နေပြီး သွေးတေ‌ွစီးကျနေတော့မည့် ဒီလိုဝေဒနာမျိုးနဲ့ သူ တစ်မှေးတောင် မှေးလို့ မရနိုင်ခဲ့ပါဘူး။

အပြင်ဘက်မှာ ရာသီဥတုက ချက်ချင်းပြောင်းလဲသွားပြီး မိုးစက် တဖွဲဖွဲက ကျလာတော့သည်။

ပြတင်းပေါက်အနားကို အပြေးသွားကာ မိုးစက်တွေကို ကြည့်ရင်း သူ့မှာ နာနာကျင်ကျင်ဖြင့် ပြုံးမိသေးသည်။

အဲ့ဒီမိုးစက်တွေပေါ့... သူ့ကို နာကျင်လာစေသည့် ကနဦး တရားခံက အဲ့ဒီမိုးစက်တွေပဲပေါ့။

သူ့ အတွေးတွေက လွန်ခဲ့သည့် ၇ နှစ်ကျော်၊ ၈ နှစ် ဝန်းကျင်ကို ပြန်ရောက်လို့သွားသည်။

လက်နက်မှောင်ခိုကိစ္စနဲ့ ကိုရီးယားနိုင်ငံကို ပထမဆုံး သွားဖူးသည့် သူ့ အတွေ့အကြုံရယ်... ဘူဆန်ရဲ့ နွေရာသီက အဲ့သည်လောက်အထိ မိုးသည်းနိုင်မှန်း သူ တကယ်ကို မထင်ထားခဲ့တာ...

မိုးက သည်းတော့ လေဆိပ်ဆင်းဖို့ကလည်း မဖြစ်နိုင်။ ထို့ကြောင့် လေဆိပ်ကို သွားဖို့ အင်ချွန်းဆီ ဦးတည်နေရာမှ နောက်ကြောင်းပြန်လှည့်ရင်း ဘူဆန်မြို့က ဟိုတယ်မှာသာ တစ်ညထပ်နေဖို့ ဖြစ်လာတော့သည်။

နွေရာသီပွဲတော်ဆိုတာမျိုးတွေက သူ့အ‌တွက်တော့ လုံးဝကို စိတ်မဝင်စားသည့် အရာ... George က မုန့်ဝယ်ပေးမည်ဟုဆိုကာ ပွဲတော်ကျင်းပသည့်ဘက်ကို မောင်းသွားလို့ သူနဲ့ George ရန်ဖြစ်ရသေးသည်။

Keep Your Eyes On Me [Completed]Where stories live. Discover now