Part 22

1.2K 169 27
                                    

Taehyung နောက်ဆုံးတော့ သခင်မလေးဆီမှာ အလုပ်ပြန်ဆင်းနေရပြီ ဖြစ်သည်။ ကိုယ်ရံတော်အလုပ်ကို သူ သဘောမကျသည်မို့ မကြာခင် အလုပ်ထွက်ဖို့ ပြင်ဆင်ထားသည်။

Jungkook က လည်း သခင်မလေးဆီမှာမို့ ဒီအလုပ်ကို သဘောမကျ။ သို့သော် KSD လက်အောက်မှာ ရှိနေသေးသည့် Taehyung က တော့ အထက်လူကြီး၏ အမိန့်ကို လွန်ဆန်ပြီး ဘာတစ်ခုမှ မလုပ်နိုင်။

Diamond Mall မှာ သခင်မလေးက shopping ထွက်သည်။ သူ့မှာတော့ အနောက်က တကောက်ကောက်လိုက်နေရ၏။

Taehyung မျက်နှာက သုန်မှုန်နေကာ စိတ်ညစ်လှသော်လည်း ချက်ချင်း ထွက်သွားဖို့ကလည်း အဆင်မပြေနိုင်။

ယောက်ျားလေး အသုံးအဆောင်တွေ ရောင်းသည့် ဆိုင်ထဲ သူမက ဝင်သွား၏။

ကုတ်နဲ့ ဘောင်းဘီတွေကို ကြည့်ပြီးနောက် သူမ မျက်လုံးတွေက necktie တွေဘက် ရောက်တော့သည်။

အပြာရောင်မှာ အဖြူရောင် အစင်းကြောင်းတွေ ပါသည့် ကျော့ရှင်းနေသည့် တစ်ခုကို သူမက မျက်စိကျနေ၏။

ဝန်ထမ်း မိန်းကလေးက ရောက်လာကာ ထုတ်ပြသည်။ သူမက ထို necktie ကို ယူကာ Taehyung လည်ပင်းနဲ့ ကိုက်ကြည့်၏။

Taehyung တစ်ခဏတော့ ကြောင်အသွားရှာသည်။ ဝန်ထမ်းမိန်းကလေး ကလည်း လိုက်ကြည့်နေ၏။

ကိုယ်ရံတော်ကို ဈေးကြီးလွန်းသည့် necktie ဖြင့် လိုက်ဖက်လားဟု ကြည့်နေသည်က အနည်းငယ်တော့ အဆင်မပြေသည့် မြင်ကွင်းရယ်...

"ဒါလေးက ဒီ အမျိုးသားနဲ့ လိုက်ဖက်ရဲ့လား"

ဝန်ထမ်းမိန်းကလေးက တုံ့ဆိုင်းနေပြီးမှ ခပ်သွက်သွက်လေး ပြန်ဖြေလိုက်မိသည်။

"ဟုတ်ကဲ့ လိုက်ဖက်ပါတယ်။ ဒါပေမယ့် အစင်းကြောင်းတွေက လူကြီးဆန်သွားစေတာမို့ ဒီတစ်ခုဆိုရင်တော့ ပိုကောင်းမယ် ထင်ပါတယ်"

ဝန်ထမ်း မိန်းကလေး ထုတ်ပေးလာသည်က ရှင်းလင်းနေသည့် အစိမ်းရောင် necktie...

သူမက Taehyung လည်ပင်းမှာ ထပ်ပြီး တိုင်းကြည့်ပြန်သည်။

"အင်း ဟုတ်သားပဲ... ဒီတစ်ခုက Taehyung နဲ့ ပိုပြီး ကြည့်ကောင်းတယ်"

Keep Your Eyes On Me [Completed]Where stories live. Discover now