Part 8

1.1K 162 12
                                    

အခုဆို Taehyung နဲ့ Jungkook ကြား ဆက်ဆံရေးက တဖြည်းဖြည်း အဆင်ပြေလာသည့် အနေအထားမှာ ရှိသည်။

Jungkook က ဖော်ဖော်ရွေရွေ ဆက်ဆံလာသည်‌ေတာ့ မဟုတ်ပေမယ့် အရင်လို ဂျစ်ကန်ကန် ဘောက်ဆတ်ဆတ် မပြောတော့သည်မို့ Taehyung  ကျေနပ်ရသည်။

အခုတော့ ညီငယ်လေးတစ်ယောက်ကို အမှန်တကယ် ရရှိတော့မည် ဖြစ်၏။

Taehyung ကျောင်းသွားဖို့အတွက် အကြံ ထုတ်ရင်း မနက်စာ ထမင်းဝိုင်းမှာ Jungkook ကိုလည်း တစ်ချက်တစ်ချက် လှမ်းကြည့်နေသည်။

Jungkook နဲ့ အတူ အချိန်အကြာကြီး နေနိုင်ဖို့၊ ရင်းနှီးနိုင်ဖို့ ကျောင်းသွားချိန်က ကြိုးစားလို့ အကောင်းဆုံး ဖြစ်၏။

နောက်ဆုံးတော့ မနက်စာကို ခပ်သုတ်သုတ်ကလေး စားရင်း ခြံထဲကို ဆင်းလာလိုက်တော့သည်။

လက်ထဲမှာ သံချောင်းကို ကိုင်ထားရင်း ခရမ်းရောင် စက်ဘီးလေးနား တိုးသွားလိုက်သည်။

လူအရိပ်အခြေလည်း ကြည့်ရင်း ရှေ့ဘီးကို သံချွန်နဲ့ ထိုးဖောက်ပြီး သူ့ မျက်နှာက ပြုံးရွှင်ရွှင်ရယ်

ထို့နောက် သံချွန်ကို နေရာတကျ ပြန်ထားရင်း ကျောင်းသွားချိန် Jungkook လေးကို စောင့်နေလိုက်တော့သည်။

ကျောင်းသွားချိန်ရောက်မှ Jungkook ဆင်းလာ၏။ ကျောပိုးအိတ်ကို လွယ်ထားရင်း သူ့ကို စောင့်နေသည့် ကျွန်တော့်ကိုလည်း တစ်ချက်ကြည့်သေးသည်။

စက်ဘီးပေါ်ကို တက်ပြီးမှ ပြားနေသည့် ရှေ့ဘီးကြောင့် မျက်ခုံးတွေ တွန့်သွားတာ လှမ်းမြင်လိုက်ရသည်။

စက်ဘီးပေါ်မှ ပြန်ဆင်းကာ ရှေ့ဘီးလေးကို စူးစမ်းနေလေ၏။

သူ့အနားကို သွားလိုက်ရင်း အနောက်ကနေ ခပ်တိုးတိုး ပြောလိုက်သည်။

"Jungkook လေး စက်ဘီးက ဘယ်လိုဖြစ်ရတာလဲ စူးချွန်တွေပေါ် ရပ်ခဲ့မိတာလား"

ဘာမှမသိသလို မျက်နှာကလေးနဲ့ သူ့အနောက်ကနေ အလိုက်သင့်လေး ပြောလိုက်တော့ Jungkook က မတ်တပ်ရပ်လာ၏။

"မနက်စာ မစားခင်က စက်ဘီးဆီ လာခဲ့သေးတယ် အဲ့တုန်းက အကောင်းပဲ... အခုမှ ဘယ်လိုဖြစ်သွားသလဲ မသိဘူး"

Keep Your Eyes On Me [Completed]Where stories live. Discover now