ဆောင်းဦးရောက်လာပြီမို့ ရာသီဥတုက အနည်းငယ် အေးစိမ့်စိမ့်နိုင်လှသည်။
မနက်ခင်း ၆ နာရီ ဝန်းကျင်လောက်ဆို ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်နေပြီး မြူခိုးအနည်းငယ်လည်း ဆိုင်းနေသေး၏။
Taehyung အနွေးထည် ခပ်ပါးပါးလေးနဲ့ စက်ဘီးသော့ကို ဆွဲကာ အဖေမနိုးခင် အိမ်မှ ထွက်ခဲ့တော့သည်။
စက်ဘီးကို ဂရုတစိုက်လည်း နင်းရသေး၏။ ဆောင်းဦးရဲ့ မနက်ခင်းအစောကြီးမှာ ဆီးနှင်းအနည်းငယ်လည်း ရှိတတ်သေးသည်။
အိမ်နဲ့ မလှမ်းမကမ်းမှာ ရှိနေသည့် The Sunset Hotel... သူ ရောက်သွားတော့ reception က မိန်းကလေးက ဘာကူညီရမလဲ မေး၏။
"အခန်းနံပါတ် ၁၁၂ က ဧည့်သည်ဆီ သွားချင်လို့ပါ။ ကိုယ့်ကောင်လေး..."
Taehyung ရဲ့ စကားကြောင့် ထိုမိန်းကလေးက ခပ်ပြုံးပြုံးဖြင့် လမ်းညွှန်ပေးသည်။
မိန်းကလေးကိုလည်း နှုတ်မဆက်အား၊ ထိုအခန်းဆီကို ရောက်ဖို့သာ သူ့မှာ စိတ်လောနေရသည်။
အခန်းရှေ့ကိုရောက်တော့ တံခါး တစ်ချက်ခေါက်လိုက်သည်။ အထဲမှ ပြန်ဖြေသံ မကြားရတော့ သူ့မျက်နှာက ပြုံးရွှင်ရွှင်ရယ်...
သူ့ကလေးလေး ညက သူနဲ့ ညဉ့်နက်အထိ ဖုန်းပြောပြီး မနက်အစောကြီး မထနိုင်ဘူး ထင်ပါရဲ့...
"အစ်ကို ရောက်နေပြီ"
ဖုန်းဆက်ကာ လှမ်းပြောတော့ တစ်ဘက်က အိပ်ချင်နေသည့် အသံ ခပ်တိုးတိုးလေးနဲ့ "ဟုတ်ကဲ့" ဆိုသည့် အဖြေသာ ပြန်ကြားလိုက်ရသည်။
တံခါးကို လာဖွင့်ပေးတော့ ရှုပ်ပွနေသည့် ဆံပင်နက်နက်တွေရယ်၊ တီရှပ် အဖြူရောင် အပွတစ်ထည်နဲ့ ဒူးအထိသာ ရှည့်သည့် ဘောင်းဘီ ခပ်ပွပွ...
တစ်ကိုယ်လုံးမှာ ရှုပ်ထွေးနေပြီး ကလေးတစ်ယောက်လို ညစ်ပေနေသော်လည်း Jungkook က သိပ်ချစ်စရာ ကောင်းလှပါ၏။
အခန်းတံခါးကို ပိတ်လိုက်ကာ အနွေးထည်ကို ချွတ်ပြီး Jungkook အခန်းထဲ လိုက်ဝင်သွားလိုက်သည်။
သူရောက်သွားတော့ Jungkook က စောင်ကို ခြုံကာ အိပ်ရာေပါ်မှာ ပြန်ကွေးနေလေ၏။