Part 17

1.2K 169 22
                                    

Larvotto Beach မှာ လှိုင်းရဲ့ ရိုက်ခတ်သံတွေရယ်၊ လေတွေက တိုးဝှေ့နေပြီး ငှက်ကလေးတွေရဲ့ အသံဆူဆူကလေးတွေသာ ကြားရသည်။

လူတွေနဲ့ ဝေးသည့် နေရာမှာမို့ အရာအားလုံးက တိတ်ဆိတ်နေပြီး ကျွန်တော့် နှလုံးခုန်သံ ကျယ်ကျယ်ကိုသာ ကြားနေရတော့သည်။

နားထင်ကို ရောက်လာသည့် သေနတ်အတွက်ကိုလည်း စိတ်မပူနိုင်ပါဘူး။ ဒီအတိုင်း သူက ပစ်ခဲ့လျှင်လည်း ကျွန်တော် သေလိမ့်မည်။

မပစ်ခဲ့လျှင်လည်း အနီရောင် အိမ်ကလေးဆီ မသွားဖို့ သူ့ကို တားနေဦးမည်။

"အစ်ကို့ကို မယုံကြည်နိုင်တာ လက်ခံပေမယ့် အဲ့ဒီကိုတော့ မသွားရဘူး။ သတ်ပစ်ချင်‌လောက်အောင် မုန်းနေသလား... ဒါဆို ပစ်လိုက်၊ ဦးနှောက်တည့်တည့်ကို ဖောက်ဝင်သွားအောင် သတ်ပစ်လိုက်။ ပြီးရင် လုံခြုံတဲ့ မင်းတို့ရဲ့ နေရာဆီ ပြန်လိုက်ပါ။ အခုချိန်မှာ မိသွားရင် တစ်ခါတည်း သတ်ပစ်လိုက်မှာ... မဟုတ်ရင် ထောင်ထဲ ခေါ်သွားပြီး အမေးအမြန်းမရှိဘဲ ကြိုးမိန့်ပဲ... လုံးဝ မိသွားလို့ မဖြစ်ဘူး"

ကျွန်တော့်လက်ကို ကိုင်ဆွဲကာ ချိန်ရွယ်ထားသည့် သေနတ်ကို သူ့ရဲ့ နားထင်ကြောတေ‌ွနား အတင်းတိုးကပ်ပစ်နေသည့် အဲ့ဒီလူ...

မျက်ဝန်းတွေမှာ အရည်တွေ လဲ့လာနေရင်း နှုတ်ခမ်းပါးတွေက တုန်ရီနေလေ၏။ ကျွန်တော့်ကို ပူပန်နေသည့် ဒီအကြည့်တွေကို မျက်လုံးတွေကို စည်းနှောင်ထားလည်း ကျွန်တော် ခံစားမိသည်။

သတ်ပစ်ဖို့ မပြောပါနဲ့... ချိန်ရွယ်ခဲ့မိသည်ကတောင် ကျွန်တော့် ရင်တွေ နာကျင်လှသည်။

ဓားနဲ့ ထိုးခဲ့မိသည့် အဲ့ဒီနေ့... သွေးတွေနဲ့အတူ လဲကျနေသည့် အဲ့ဒီလူရဲ့ ပုံရိပ်က အခုထိ ကျွန်တော့် မြင်ကွင်းထဲကနေ မပျောက်ကွယ်သွားသေးပါဘူး။

အကယ်၍များ အဲ့ဒီနေ့မှာ သူသာ သေဆုံးသွားခဲ့လျှင် ကျွန်တော်လည်း အဖမ်းခံလိုက်ပြီး ကြိုးမိန့်နဲ့အတူ သူ‌့နောက်ကို လိုက်သွားဖို့ ဆုံးဖြတ်ထားပြီးသား...

အမှန်တကယ်တော့ ချစ်ခြင်းတရားဆိုတာ ကျွန်တော့်အတွက်တော့ စစ်မြေပြင်ကဲ့သို့ ကြမ်းတမ်းလွန်းလှသည်။

Keep Your Eyes On Me [Completed]Where stories live. Discover now