Part 2

2.5K 126 0
                                    

"ပန်း နေမကောင်းဘူးဆိုပြီး သင်တန်းကို အစောကြီး ရောက်နေတာပဲ"

"အေးလေ နေမကောင်းရင် တစ်‌ရက်လောက်နားလိုက်လို့လည်း ဘာမှမဖြစ်ပါဘူးဟယ်"

မထချင်လောက်အောင်ကိုက်နေတဲ့ ခေါင်းကြောင့် ခုံပေါ်မှာ ခေါင်းတင်ပြီး လှဲနေရင်းကနေ သူငယ်ချင်းနှစ်ယောက်ရဲ့ အသံကြောင့် ထကြည့်လိုက်သည်။

"ဒီလောက်ကတော့ ဘာမှမဖြစ်ဘူးဟာ။စာမေးပွဲလည်းနီးနေပြီလေ။သင်တန်းမပျက်ချင်လို့ပါ"

မိမိရှေ့က ယဲ့ယဲ့လေးသာရှိတော့တာတောင်ခေါင်းမာနေတဲ့သူငယ်ချင်းကိုကြည့်ရင်း မြင့်သူ‌တော့ဆောင့်သာကန်ပစ်လိုက်ချင်တော့တယ်။

"လူကဖြင့် ပိန်သေးပြီး ဖြူစုတ်နေတာ။အစားအသောက်ဆိုလည်း ဟိုဟာမစား၊ဒီဟာမစားနဲ့။တည့်တာဆို အကုန်မကြိုက်။
ပျင်းကလည်းပျင်းသေးတယ်။လေ့ကျင့်ခန်းလည်းမလုပ်။နုလိုက်တာဆိုတာလည်း အထိမခံ‌‌ ရွှေပန်းကန်နဲ့။အခုလည်း ဘာလုပ်လိုက်လို့အခုလိုဖြစ်နေရပြန်တာလဲ"

မှာတမ်းရှည်ကြီးဖတ်နေတာလား။ကျက်ထားတဲ့စာတွေပဲ လာရွတ်ပြနေလားတောင် ထင်ရတဲ့မြင့်သူကြောင့် ကိုက်နေတဲ့ခေါင်းက ပေါက်ပါထွက်တော့မလားပင်။

"မနေ့က မိုးမိလိုက်လို့ပါ"

မိုးကို နည်းနည်းလေးမိရင်တောင် ဖျားတဲ့သူက မိုးမိ‌လိုက်တာကိုတောင် စကားလုပ်ပြောနေသေးတယ်။တကယ် ဒီသူငယ်ချင်းနဲ့လည်းနော်။ကိုယ့်ကိုယ့်ကိုယ်နည်းနည်းလေးမှကို ဂရုမစိုက်တာ။

"ဆေးခန်းရောပြခဲ့ပြီလား။နင်က ဆရာဝန်နဲ့တွေ့မှ ပျောက်တာမလား"

"အမလေး ထက်ရယ်။သူသာ‌ သူကိုယ်သူ အဲ့လောက် ဂရုစိုက်ရင် အခုလိုတောင်မဖြစ်ဘူး"

မြင့်သူကတော့အထက်တန်းထဲက သူငယ်ချင်းဖြစ်တာကြောင့် ပန်းအကြောင်းကို ကောင်းကောင်းသိသည်။ ထက်ကတော့ ဒီသင်တန်းမှာပဲ ‌တွေ့တာမို့ ပန်းအကြောင်းကို မြင့်သူလောက် မသိပေ။
သူတို့နှစ်‌ယောက်မှာ အတူဆုံးဆိုရင် နာမည်ပဲဖြစ်မည်။ မြင့်သူဆိုတာ‌က‌တော့သူ့အဖေ ဦးမိုးမြင့်နဲ့ အမေ ဒေါ်သူဇာထွန်းရဲ့ သမီးဖြစ်လို့ မြင့်သူဆိုပြီးဖြစ်လာခြင်းဖြစ်သည်။ ကံကောင်းလို့ပေါ့။ မြင့်ထွန်းတို့၊ မိုးဇာတို့၊ မိုးထွန်းတို့မဖြစ်ဘဲ မြင့်သူဖြစ်နေလို့။
ထက်ကတော့ ဘယ်သူပေးမှန်းမသိပေမယ့် သူသိတတ်တဲ့အရွယ်မှာ သူနာမည်က ထက်ဆိုတဲ့တစ်လုံးတည်းပါတာပါတဲ့။ဘယ်သူ့ကိုမေးမေး သူနာမည်ကို ဘယ်သူပေးမှန်းမသိပေ။ထူးခြားတဲ့ နာမည်ပေးပုံပေးနည်းရှိကြတာတော့ တူတဲ့ နှစ်ယောက်ပင်။

LoveWhere stories live. Discover now