Part 23

1.5K 100 2
                                    

အန်တီ မနက်စာပြင်မယ်ဆိုလို့ ပန်း ရေအရင်ချိုးနေလိုက်သည်။ရေချိုးနေတုန်း အန်တီရဲ့ အော်သံကြောင့် ဘေးမှာရှိတဲ့အဝတ်ကို အမြန်ပတ်ကာ ပြေးထွက်လာခဲ့ရသည်။

"အား..."

"ဘာဖြစ်တာလဲ အန်တီ"

ကြမ်းပြင်ပေါ်မှာ ထိုင်ပြီးအော်နေတဲ့ အန်တီကြောင့် စိုးရိမ်စိတ်ကမြင့်တက်လာသည်။
မီးဖိုကို လက်ညိုးထိုးပြလာတဲ့ အန်တီကြောင့် မီးဖိုကို ကြည့်လိုက်မိသည်။
မီးဖိုပေါ်ရှိ ဆီဒယ်အိုးထဲတွင် တူးနေပြီ‌ဖြစ်သော ကြက်ဥကြော်ရှိနေသည်။
မီးဖိုကို အမြန်ပိတ်လိုက်ကာ အိုးကို ဘေးချလိုက်သည်။ထို့နောက် ချစ်ရသူကို အမြန်ကြည့်ရပြန်သည်။

"ဘယ်နားခိုက်မိသွားသေးလဲ အန်တီ"

"အဟင့်...ဟင့်...အဟင်း"

မေးလိုက်တော့မှ ကလေးလေးလို အော်ငိုလာတဲ့ အန်တီကြောင့် ပန်း လန့်သွားသည်။အကြီးအကျယ်များ ခိုက်မိသွားသလားဟုပင် စိတ်ပူသွားသည်။

"ဘာမှမဖြစ်တော့ဘူးနော် အန်တီ"
"အကောင်လေးရှိတယ်။ဘာမှမဖြစ်တော့ဘူး။"

အန်တီ့ကိုယ်လေးကို ရင်ခွင်ထဲထည့်ကာ ကျောလေးကို အသာအယာပွတ်သပ်ပေးနေလိုက်သည်။

"ခိုက်မိသွားတဲ့နေရာလေး ပြပါဦး အန်တီ"

"ဟင့်အင်း...မပြဘူး။"

ရှိုက်နေရင်းနဲ့ လက်ကလေးကို ဖွတ်လိုက်တာကြောင့် လက်ကို ခိုက်မိမှန်းသတိထားမိသည်။ဒီအချိန်ထိ နေနိုင်ပုံထောက်ရင်တော့ ကျိုးသွားတာလည်း မဖြစ်နိုင်။အကြီးကြီး ခိုက်မိတာမျိုးမဟုတ်တာကြောင့် အနည်းငယ်တော့ စိတ်လျှော့လိုက်ရသည်။သို့သော် အန်တီ့၏ ကိုယ့်ပေါ်တွင် ခြစ်ရာသေးသေးလေးတောင် မရှိစေချင်ပေ။

"ပြမှ ‌ဆေးလိမ်းပေးလို့ရမှာပေါ့ အန်တီရဲ့"

"ပြလိုက်ရင် ဆေးထိုးတော့မှာမလား"
"အဟင်း...အဟင်း"

ဆေးထိုးမှာ ကြောက်လို့ ထပ်ပြီး အော်ငိုနေတဲ့ အန်တီကြောင့် ပန်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ချေ။

"မငိုနဲ့တော့နော်။တိတ်တော့။ပင်ပန်းနေလိမ့်မယ်။"
"ဒီမှာ အန်တီကြည့်"

LoveWhere stories live. Discover now